လွှတ်တော်အမတ်
မင်းသေ့ (ရေးသားသည်)
2 | လွှတ်တော်အမတ် မင်းသေ့
လွှတ်တော် အမတ်
ဒီစာတမ်းကို ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာတဲ့ လွှတ်တော်ရောက်
ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများအတွက် နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် စီမံ
ခန့်ခွဲနိုင်စေရန် ရည်ရွယ်၍ ပြုစုရေးသားပါသည်။
ဘယ်သူအုပ်ချုပ်တယ်ဆိုတာအရေးမကြီးဘူး။
ဘယ်လိုအုပ်ချုပ်တယ်ဆိုတာ အရေးကြီးတယ်။
နိဒါန်း
မြန်မာနိုင်ငံဟာ တော်လှန်ရေးချည်းပဲ လုပ်နေရလို့ နိုင်ငံတည်ဆောက်ရေးကို ဦးမတည်နိုင်ခဲ့တာကြာလှပြီ။
ဗြိတိသျှကို တော်လှန်ရ၊ ဂျပန်ကိုတော်လှန်ရ၊ အချောင်သမားဝါဒကို တိုက်ထုတ်ရ၊ ဆိုရှယ်လစ်စနစ်ဆိုးကို
တော်လှန်ရ၊ စစ်အာဏာရှင်ကို ပုန်ကန်ရနဲ့ တည်ဆောက်ရေးဆိုတာ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာကြာခဲ့ပြီ။
ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အသွင်ကူးပြောင်းကြမယ်လို့ ဆိုပြီး ဖွင့်သင့်တာဖွင့်၊ ဖြေလျော့သင့်တာ လျော့
လုပ်ခဲ့ကြတယ်။ ဒီမှာလည်း ကြွင်းကျန်ရစ်တဲ့ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်မယ်ဆိုပြီး လုပ်ခဲ့တာ
တော်လှန်ရေးက ဆက်ပြီး ရှည်လာနေတယ်။ တည်ဆောက်ရေးက စရမလို၊ မစရမလိုနဲ့ ဖြစ်နေခဲ့ပြန်တယ်။
နိုင်ငံ့လွတ်လပ်ရေးနဲ့ ဖွားဖက်တော်က ပြည်တွင်းစစ်။ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာလည်း အဓိကလုပ်ခဲ့
ရတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး1
။ ပြည်တွင်းငြိမ်းချမ်းရေးလို့ ခေါ်ရင်ရပါတယ်။ နောက်ပြီး
နိုင်ငံတကာအသိအမှတ်ပြုတဲ့ အစိုးရဖြစ်တည်ရေး။ ဒီရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် ပြည်သူ့ထောက်ခံ
မှု လိုတယ်။ ဒါမှ တရားဝင်မှု ဒီဂရီဟာ တက်မှာဖြစ်ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ဝိဝါဒ ကွဲကြတာ တစ်ခုရှိတယ်။ ဘယ်နည်းနဲ့ လွတ်လပ်ရေးကို ရအောင်လုပ်
ကြမလဲဆိုတဲ့ ကိစ္စ။ စစ်ရေးနည်းလား၊ နိုင်ငံရေးနည်းလား။ တပ်ပေါင်းစုအသွင်နဲ့စုပေါင်းပြီး စစ်ရေးနည်းကို ရွေး
ချယ်ခဲ့ကြတယ်။
လွတ်လပ်ရေးရပြီးကာလမှာကြတော့ ဘယ်စနစ်၊ ဘယ်မူ၊ ဘယ်ဝါဒနဲ့သွားမလဲ ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဝိဝါဒ
ကွဲကြပြန်ရော။ ဒီလိုနဲ့ ဖဆပလလည်း ကွဲတယ်။ အိုင်ဒီယော်လိုဂျီ စွဲကိုင်ချက်တွေနဲ့ နိုင်ငံရေးသမားတွေက တပ်
1
National Reconciliation
3 | လွှတ်တော်အမတ် မင်းသေ့
အတွင်းကို ကိုယ်တွေ ယုံကြည်တဲ့ ဝါဒတွေ သွတ်သွင်းကြတယ်။ နောက်တော့ တပ်ရင်းအလိုက်တောခိုသွားကြ
တယ်။ တပ်မတော် ပြိုကွဲမှုကနေတစ်ဆင့် နိုင်ငံတော် ကစဉ်ကလျားဖြစ်မှုကို ဦးတည်ခဲ့တယ်။
၁၉၆၂ တော်လှန်ရေးကောင်စီတက်ပြီး ဘယ်စနစ်နဲ့သွားမလဲဆိုတာကို ကြံဆကြရင်း ဆိုရှယ်လစ်ကို ရွေးခဲ့
တယ်။ တကယ်တော့ ဦးနေဝင်းကိုယ်တိုင်က ဆိုရှယ်လစ်သမားမဟုတ်ဘူး။ ဆိုရှယ်လစ်ကို ယုံကြည်သက်ဝင်
သူ မဟုတ်ခဲ့ဘူး။ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ပြီး လုပ်ကိုင်တတ်တဲ့ Pragmatic သမားတစ်ယောက်သာ
ဖြစ်တယ်။ Realist သမား တစ်ယောက်သာဖြစ်တယ်။ ၁၉၇၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တရားဝင် ကြေ
ညာပြီးတဲ့ အချိန်မှာ ဆိုရှယ်လစ် နည်းနာတွေကို အပီအပြင် အကောင်အထည်ဖော်ကြတယ်။
အထွေထွေစီးပွားရေး ချွတ်ခြုံကျမှုကို ၁၉၈၇ ငွေကြေး ဖျက်သိမ်းမှုက မီးမွှေးပေးလိုက်တယ်။ လူထုအုံကြွမှုကြီး
အကြီးအကျယ်ဖြစ်တယ်။ သူဌေးရော၊ ခွေးရော လမ်းပေါ်ထွက်လာကြတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်း
အလဲတွေ တော်တော်များများဟာ စီးပွားရေးရေချိန်အပေါ် အခြေခံပြီး ထွက်ပေါ်လာကြတာများတယ်။ ဆိုရှယ်
လစ်စနစ် ကျဆုံးခြင်းက နိုင်ငံ့စီးပွားရေး ပျက်သုဉ်းခြင်းကို ဖြစ်စေခဲ့တယ်။ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခြင်းက
အထွေထွေ လူထုအုံကြွမှုကို ပေါ်ပေါက်စေခဲ့တယ်။ အကြွင်းမဲ့ လူထုအုံကြွမှုက အစိုးရအပြောင်းအလဲကို ဖြစ်စေ
ခဲ့တယ်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ လူထုက အစိုးရအပြောင်းအလဲဖြစ်ပြီးရော ဆိုပြီး ပါတီ
အလံ တစ်ခုတည်းကို စုပြုံပြီး မဲပေးခဲ့တယ်။ ဒီပါတီက အောင်စုတင်လို့ခေါ်တဲ့ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်း
စုကြည် နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့ စုစည်းဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဖြစ်တယ်။ အဲ့ဒီမှာ တောင်ပြိုကမ်းပြို ထောက်ခံမဲကို ရခဲ့ကြတယ်။
တကယ်တော့ နိုင်ငံရေးအာဏာကို မရခဲ့ကြဘူး။ ဒီလိုနဲ့ အာဏာသိမ်းအစိုးရနဲ့ အတိုက်အခံတို့ လွန်ဆွဲပွဲတွေ
ဖြစ်လာကြတယ်။ စစ်အစိုးရက နိုင်ငံတော်ရဲ့ အခြေခံစီးပွားရေးတွေကို ဖွင့်ပေးပြီး အတိုက်အခံတို့ကို လူထုနဲ့
ကင်းကွာအောင် လုပ်ခဲ့တယ်။ တော်လှန်ရေးက ရှည်ကြာလာတဲ့ အခါ လူထုကိုယ်တိုင်က သွေးအေးသွားတယ်။
ဒီလိုနဲ့ နှစ်နှစ်ဆယ်ကျော် စစ်အစိုးရအောက်မှာ ရောက်ခဲ့ပြန်တယ်။
အချို့ကလည်း စစ်ရေးနည်းနဲ့တိုက်ဖို့အတွက် တောခိုကြတယ်။ နယ်စပ်ဒေသတွေကို ရောက်တယ်။ လူမျိုးစု
လက်နက်ကိုင်တွေ နဲ့ ပေါင်းပြီး တော်လှန်ရေးကို ဆက်လုပ်ကြတယ်။ နိုင်ငံတကာအကူအညီတွေရယူပြီး
ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တွန်းအားပေးတဲ့ ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေလည်း ရှိကြတယ်။ ပြည်
တွင်းမှာလည်း ကြိတ်ဝိုင်းတွေ ဖွဲ့ပြီး နိုင်သလောက် တော်လှန်ရေး လုပ်ခဲ့ကြတယ်။ ထောင်ကျတဲ့သူတွေလည်း
ကျ။ အနှိပ်စက်ခံပြီး ဘဝနိဂုံးချုပ်သွားတဲ့ လူတွေလည်း ရှိတယ်။ တော်လှန်ရေးကို လက်လွှတ်လိုက်ပြီး နိုင်ငံရေး
နဲ့ ဝေးဝေးနေတဲ့သူတွေလည်း ရှိတယ်။
4 | လွှတ်တော်အမတ် မင်းသေ့
၂၀၁၀ ရွေးကောက်ပွဲကို (မဲ မပေးကြေး)2
ဆိုပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့လုပ်တယ်။ ရွေးကောက်ပွဲက
တရားဝင်ဖြစ်သွားတယ်။ အတိုက်အခံတို့ မအောင်မြင်လိုက်ဘူး။ ဒါပေမယ့် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ
လုပ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၅ နေရာ ပြိုင်တဲ့နေရာမှာ ၄၃ နေရာ အနိုင်ရတယ်။ ၂၀၁၀ ရွေး
ကောက်ပွဲကနေတက်လာတဲ့ အစိုးရသစ်ကို တရားဝင်မှု ပေးမယ်/မပေးဘူးလို့ ဒွိဟဖြစ်နေတဲ့ နိုင်ငံတွေ ပြတ်
ပြတ်သားသား ဆုံးဖြတ်ရမယ့် အချက်တစ်ခုဖြစ်သွားခဲ့တယ်။ အတိုက်အခံတို့က လက်ရှိ နိုင်ငံရေး ရေစီးကို
ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီ့နောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရလည်း နိုင်ငံတကာအသိအမှတ်ပြုမှု3
နဲ့
တရားဝင်ဖြစ်မှု4
ပိုမြင့်လာတယ်။
ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံရေးပွင့်လင်းမှုကို စီးပွားရေး ပြုပြင်ပြောင်းလဲရေးထက် ပိုပြီး လုပ်ခဲ့တယ်။ စီးပွား
ရေးပြုပြင်ပြောင်းလဲမှုမှာ ကားကိစ္စ၊ လောင်စာဆီကိစ္စ၊ ဘဏ်ကိစ္စ၊ ငွေကြေးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ
(တယ်လီဖုန်းဆက်သွယ်ရေး) စတဲ့ ကိစ္စရပ်တွေကို သိသိသာသာပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေမယ့် ကားကိစ္စနဲ့
ငွေကြေးကိစ္စတို့မှာ မူဝါဒ ပြဿနာ ထပ်တိုးတွေ ပေါ်ပေါက်လာတယ်။ ဥပမာ - ရန်ကုန်မြို့၌ အလွန်အမင်း
ကားလမ်းကြပ်မှုကိစ္စနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကိစ္စ၊ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဒေါ်လာဈေး
တစ်ဒေါ်လာ ၁၂၈၀ ကျပ်အထိ ဖြစ်လာတယ်။ ၂၀၁၀ ကစပြီး ၂၀၁၅ ခုနှစ်အထိ (၅ နှစ်အတွင်း) ၃၀ ရာခိုင်နှုန်း
နီးပါး ငွေကြေး ဖောင်းပွလာတယ်။
ဦးသိန်းစိန်အစိုးရအနေနဲ့ သိသိသာသာ မပြောင်းလဲနိုင်တဲ့ ကိစ္စရပ်တွေ အများကြီး ရှိနေသေးပါတယ်။
ဒါပေမယ့် အကြီးမားဆုံးသော မပြောင်းလဲနိုင်တဲ့ ကိစ္စရပ်ကတော့ ဗြူရိုကရေစီ ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်ပါ
တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးနေဝင်း အစိုးရရဲ့ ဆိုရှယ်လစ် စနစ်ဆိုးကို အမွေရခဲ့တယ်။ ဦးသိန်းစိန်
အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်ဘက်အရာရှိကြီးများရဲ့ခြစားမှု အမွေကို ရခဲ့တယ်။ စစ်ဘက်အရာရှိကြီး
များရဲ့ ခြစားမှုဆိုတာ စီးပွားရေးမှာ ခရိုနီတွေနဲ့ စစ်ဘက်က ဘဏ္ဍာငွေရရှိရန် အလို့ငှာ လုပ်ဆောင်တဲ့ စစ်တပ်
စီးပွားရေး လုပ်ငန်းတွေရဲ့ ဆိုးကျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီတော့ သမိုင်းကို ကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ သမိုင်းအဖြစ်အပျက်တော်တော်များများကို ဖြတ်သန်းခဲ့ဖူးတဲ့
အတွေ့အကြုံတွေ ရှိခဲ့တယ်။ ပုံစံအမျိုးမျိုးဖြစ်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ကြုံတွေ့ရတယ်။ အထူးသဖြင့်
ဦးသန်းရွှေဟာ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံတွေကို အဓိကထားပြီး တည်ဆောက်ခဲ့တယ်။ ဆက်
လက်ပြီး အခြေခံအဆောက်အအုံတွေရဲ့ အဆင့်မှီမှုနဲ့ အရေအတွက်အားဖြင့် လိုအပ်ချက်တွေ ရှိနေဆဲပဲ ဖြစ်ပါ
တယ်။ ဒီလိုပဲ အခု အစိုးရအသစ်ဖြစ်လာမယ့် သူတွေမှာ တာဝန်ရှိတာက နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။
နိုင်ငံတည်ဆောက်ရေးမှာ အပေါ်ထပ် အဆောက်အအုံနဲ့ အခြေခံအဆောက်အအုံတွေကို အရေအတွက်
အားဖြင့်ရော၊ အရေအသွေးအားဖြင့်ရော ဖြည့်ဆည်းဖို့ တာဝန်ရှိကြောင်း အသိပေးအပ်ပါသည်။
2
No Vote
3
International Recognition
4
Legitimacy
5 | လွှတ်တော်အမတ် မင်းသေ့
စီးပွားရေးနားမလည်ပဲ နိုင်ငံရေး လုပ်လို့ မရဘူး။
လီကွမ်ယု
၁။ ရွေးကောက်ပွဲအပြီး တက်လာမည့် လွှတ်တော်အမတ်များအနေဖြင့် သိရမည့် အရာများရှိသည်။ လုပ်ရမည့်
အရာများရှိသည်။ ပြန်လည်ဆန်းစစ်ရမည့် အရာများရှိသည်။ ပြုပြင်ပြောင်းလဲရမည့် အရာများရှိသည်။ အသစ်
တည်ဆောက်ရမည့် အရာများရှိသည်။ ထိုအရာပေါင်းများစွာကို အဓိက ခွဲခြားသော် အပျော့ထည်ပိုင်း5
နှင့်
အမာထည်ပိုင်6း
ဟူ၍ ခွဲခြားရမည်။ ထိုအပိုင်းများတွင် လက်တလော ဖြေရှင်း၍ ရနိုင်သည့် အပိုင်းများပါဝင်
သလို ယခု အုပ်ချုပ်မှု သက်တမ်းကာလအတွင်း၌ပင် ပြေလည်နိုင်သည့် အရာများရှိသည်။ ထို့အတူ နောင်
တက်လာမည့် ၂၀၂၀ ခုနှစ်အလွန် အစိုးရသစ်အတွက် ရေခံမြေခံကောင်းများ ဖန်တီးပေးနိုင်သည့် အရာများ
လည်း ရှိသည်။ အစိုးရအဆက်ဆက် တာဝန်ယူ ဖြေရှင်းလုပ်ဆောင်ရမည့် အရာများလည်း ရှိသည်။ ထို့ကြောင့်
ပြည်သူ့အကျိုးကို သယ်ပိုးမည့် လွှတ်တော် အမတ်များ သိစေရန် အရေးကြီးသည်။
၂။ နိုင်ငံရေးတာဝန်၏ အခြေခံ
အချက်မှာ ပြည်သူများ၏ စား
ဝတ်နေရေး အဆင်ပြေ ချောမွေ့
စေရန်ဖြစ်သည်။ စားဝတ်နေရေး
အဆင်ပြေရုံဖြင့် မလုံလောက်
သောအခါ အရည်အသွေးပြည့်မှီ
သော စားသောက်နေထိုင်ဝတ်
စားမှု ပုံစံ ဖြစ်စေရန် ဖြည့်ဆည်း
ပေးခြင်းဖြစ်သည်။ နောက်ဆုံး
လူနေမှု အဆင့်အတန်း အမြင့်
မားဆုံးဖြစ်အောင် ပို့ဆောင်ပေး
ရေးဖြစ်သည်။
၃။ မြန်မာနိုင်ငံအနေဖြင့် ပထမ
ဆုံး လုပ်ရမည့် ယေဘုယျအလုပ်
မှာ - ဆင်းရဲမွဲတေမှု လျော့ချရေး7
ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ၌ ဆင်းရဲမွဲတေမှု အမြင့်ဆုံးဖြစ်သည့်
မြန်မာနိုင်ငံအဖို့ အစိုးရအဆက်ဆက်က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အစဉ်လုပ်ဆောင်နေရမည်ဖြစ်သည်။
5
Software Sector
6
Hardware Sector
7
Poverty Reduction
အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ခြင်းက ပြည်တွင်း ထုတ်လုပ်မှု
တန်ဖိုးမြင့်မားစေခြင်းလား၊ သို့တည်းမဟုတ် အလုပ်သမား အခွင့်အရေးလား၊
အမှန်တကယ်ရော အလုပ်သမားနှင့် အလုပ်ရှင်အကြား အကျိုးကျေးဇူး
ဖြစ်ထွန်းပါရဲ့လား…..
6 | လွှတ်တော်အမတ် မင်းသေ့
ထို့ကြောင့် ရွေးကောက်ပွဲ၌ ပြည်သူ့အရွေးချယ်ခံပုဂ္ဂိုလ်များအနေဖြင့် ဆင်းရဲမှု သံသရာကို ချိုးဖျက်ရန် တာဝန်
ရှိသည်။ ဆင်းရဲမှုသံသရာ (စက်ဝန်း) ကို ချိုးဖျက်ရန် အဓိကကျသော အချက်မှာ - ဆင်းရဲခြင်း၏ အကြောင်း8
ကို သိရန် လိုသည်။ သိရုံဖြင့် မလုံလောက်၊ ခြေခြေမြစ်မြစ်နားလည်၍ ဆင်းရဲမှုမှ ရုန်းထွက်နိုင်အောင် ကူညီ
ထောက်ပံ့ဆောင်ရွက်ရမည် ဖြစ်ပါသည်။
၎။ အောက်စ်ဖို့တက္ကသိုလ်မှ ဘောဂဗေဒပါမောက္ခ ပေါကော်
လီယာ9
ရေးသားသော အောက်ခြေသန်း တစ်ထောင်10
စာအုပ်၌ နိုင်ငံများဆင်းရဲရခြင်း အကြောင်း (၄) ပါးကို ဖော်ပြ
ထားသည်။
(၁) ပဋိပက္ခထောင်ချောက်
(၂) သဘာဝသယံဇာတ ထောင်ချောက်
(၃) အိမ်နီးချင်းဆိုးများနှင့် ကုန်းတွင်းပိတ် နိုင်ငံဖြစ်
ရခြင်း ထောင်ချောက်
(၄) နိုင်ငံငယ်ငယ်၊ အုပ်ချုပ်မှု ညံ့ညံ့ ထောင်ချောက်
ဟူသော ထောင်ချောက် (၄) မျိုးတွင် ကျရောက်နေခြင်း
ကြောင့်ဟု မှတ်ချက်ပြုသည်။
၅။ မြန်မာ့လွတ်လပ်ရေးနှင့် ဖွားဖက်တော်မှာ ပြည်တွင်းစစ်
ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် ယခု အသွင်ကူးပြောင်းရေး
ကာလ၌ ဘာသာရေး/ လူမျိုးရေး အဓိကရုဏ်းများသည်
ပဋိပက္ခကို ရှည်ကြာစေသောအချက်များဖြစ်သည်။ နိုင်ငံရေး
အရ၊ လူမျိုးရေးအရ မတည်ငြိမ်သည့် နိုင်ငံကို မည်သည့် နိုင်ငံ
ကမျှ ရင်းနှီးမြုပ်နှံချင်လိမ့်မည် မဟုတ်ဆိုသည့် အချက်ကို
သတိပြုရမည်။
၆။ စစ်အစိုးရသည် ပြည်သူ့အခွန်အပေါ် မှီခိုတည်ဆောက်ထားသည့် အစိုးရတစ်ရပ်မဟုတ်ဘဲ သဘာဝသယံ
ဇာတအပေါ် အမှီပြု၍ အုပ်ချုပ်သော အစိုးရဖြစ်သည့် အတွက် သဘာဝသယံဇာတပေါကြွယ်ဝခြင်းကပင်
အာဏာရှင်စနစ် တည်မြဲအောင် ကျေးဇူးပြုပေးခြင်း မည်နေပေသည်။ သယံဇာတခွဲဝေမှု စနစ်သည် တစ်ဖက်
စောင်းနင်းဖြစ်နေခြင်းကပင် ပြည်တွင်းငြိမ်းချမ်းရေးကို မငြိမ်းသက်နိုင်အောင် ရှိနေသည်ကို သတိချပ်ရမည်။
8
Cause of Poverty
9
Paul Collier
10
The Bottom Billion (Why the poorest countries are failing and what can be done about it)
Poverty trap
1) landlocked with bad Neighbors
2) Abundant Natural Resources
3) Bad Governance
4) Civil Wars
7 | လွှတ်တော်အမတ် မင်းသေ့
၇။ မြန်မာနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခု မဟုတ်။ ထို့ကြောင့် ပင်လယ်ရေကြောင်းအရ အားသာချက်များ
များစွာ ရှိသည်။ သို့သော် ထိုအခွင့်အလမ်းများကို အသုံးချရန် မြန်မာတို့ များစွာ မစွမ်းဆောင်နိုင်ခဲ့ချေ။ မြန်မာ့
ပင်လယ်ပြင်ကို ငါးဖမ်းခြင်း စသည့် ရေထွက်ကုန်ထုတ်လုပ်ခြင်းမှအပ ပို၍ အသုံးမချနိုင်ခဲ့ချေ။ စင်္ကာပူသည်
သူ၏ မဟာဗျူဟာမြောက် ရေကြောင်းအချက်အခြာအဖြစ် တည်ရှိမှုကို စနစ်တကျ အသုံးချနိုင်ခဲ့၍ အာရှကျား
တစ်ကောင်ဖြစ်နေဆဲ ဖြစ်သည်။ တရုတ်ပြည်၏ လွှမ်းမိုးမှုသည် မြန်မာအစိုးရအပေါ် အစဉ်အဆက် ကြာညောင်း
ခဲ့သည်။ ၈၈ အရေးအခင်းကာလနောက်ပိုင်း ပိတ်ဆို့အရေးယူမှုများ ပြင်းထန်ခြင်းသည်လည်း တရုတ်နှင့် မြန်မာ
အစိုးရတို့ ပိုမို အနေနီးခြင်း၏ အကြောင်းတရားဖြစ်သည်။ တရုတ်သည် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး
သည့် နိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံ့အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံရေးကဏ္ဍ၌ တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု စနစ်
ကို ကျင့်သုံးသည်။ အိုင်ဒီယော်လိုဂျီအရ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်နေဆဲလည်း ဖြစ်သည်။ ထို့အပြင်
ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ် ရှိနေသည်။
၈။ မြန်မာသည် အိန္ဒိယထက် တရုတ်နှင့် ပိုမို အနေနီးခဲ့သည်။ တရုတ်ဩဇာသည် စစ်ရေးနှင့် စီးပွားရေးနယ်
ပယ်များတွင် မြန်မာအပေါ် အတော်လွှမ်းမိုးသည်။ အိန္ဒိယနှင့် တရုတ်ယှဉ်သော် အိန္ဒိယသည် တရုတ်လောက်
ချမ်းသာကြွယ်ဝမှု မရှိ။ ထို့အပြင် အိန္ဒိယနှင့် မြန်မာအကြား စီးပွားရေးအရ ဆက်ဆံရေးသည် ကျယ်ပြန့်မှု နိမ့်
သည်။ ထိုသို့သော အကြောင်းများကပင် အာဏာရှင် အိမ်နီးချင်း၏ အရိပ်သည် အတော်နှင့် ဖျက်၍ မရခြင်း
ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော်ကို စီမံခန့်ခွဲသူများအဖို့ မိတ်ကောင်း၊ ဆွေကောင်းများနှင့် နီးကပ်စွာ အကျိုး
တူ မိတ်ဖက် ဆက်ဆံနိုင်လေလေ၊ နိုင်ငံတိုးတက်ဖို့ အခွင့်အလမ်းကောင်းလေလေဖြစ်သည်။
၉။ ထိုအချက်သည် နိုင်ငံတကာဆက်ဆံရေးနှင့် သံခင်းတမန်ခင်းကို ခိုင်မာ၍ ကျစ်လစ်သော မဟာဗျူဟာမိတ်
ဖက်များနှင့် လက်တွဲနိုင်ရေးသည် အရေးကြီးသည်။ နိုင်ငံ့စီမံခန့်ခွဲသူများအဖို့ နိုင်ငံတကာ လက်တံ ရှည်ရန်
အရေးကြီးသည်။ သံတမန် စွမ်းရည်များ ကိန်းဝပ်နေရမည်။ သိမ်မွေ့သော နိုင်ငံခြားရေးမဟာဗျူဟာ ချမှတ်၍
အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိရမည်။ အနာဂတ်ကို ကြိုမြင်နိုင်သော နိုင်ငံရေး အမြော်အမြင် ရင့်
သန်ရမည်။
၁၀။ နိုင်ငံရေးဟူသည် အုပ်ချုပ်မှု အနုပညာ11
ဟု ဆိုနိုင်က ဆိုနိုင်သည်။ အုပ်ချုပ်ရေးအတတ်နှင့် စီမံခန့်ခွဲမှု
အတတ်ကို မကျွမ်းကျင်ပဲနှင့် နိုင်ငံ့ခေါင်းဆောင် ဖြစ်၍ မရ။ ဖြစ်ချင်၍ မရ။ လွှတ်တော်အမတ်များသည် ဥပဒေ
နှင့် လုပ်ထုံးလုပ်နည်းများကို ပြုစုချမှတ်သူများဖြစ်သည်။ ထို့အပြင် နိုင်ငံတော်၏ မူဝါဒများကို ဆုံးဖြတ်ချက်ချ
မှတ်ရသူဖြစ်သည်။ မူဝါဒများကို ရွေးချယ်ရသူလည်း ဖြစ်သည်။ ထိုမျှမက မူဝါဒများကို အကောင်အထည်ဖော်
ရန်အတွက် ဗြူရိုကရေစီယန္တရားကို မောင်းနှင်ရန် တာဝန်ရှိသေးသည်။ ဗြူရိုကရေစီက မူဝါဒ အကောင်
အထည်ဖော်ခြင်းကို တာဝန်ယူ၍ လွှတ်တော်အမတ်များနှင့် အစိုးရအဖွဲ့က မူဝါဒအပေါ် အလုံးစုံ တာဝန်ခံရ
သည်။ အစိုးရသည် မူဝါဒကို တာဝန်ခံသူဖြစ်ပြီး၊ ဗြူရိုကရေစီသည် မူဝါဒကို အကောင်အထည်ဖော်သူဖြစ်သည်။
11
Politics is the art of government
8 | လွှတ်တော်အမတ် မင်းသေ့
၁၁။ တဖန် လွှတ်တော်တွင် အတည်ပြု ချမှတ်လိုက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသက်ဝင်
အောင်လုပ်ရသည်။ ထို့နောက် ပြန်လည် ဆန်းစစ်သုံးသပ်ရသည်။ အသစ်လိုအပ်သည်များကို ပြုစုရသည်။
ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ရသည်။
၁၂။ အနှစ်ချုပ်လိုက်လျှင် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် -
(က) အုပ်ချုပ်မှုနည်းနာနှင့် စီမံခန့်ခွဲမှု နည်းနာကို တတ်ကျွမ်းနားလည်ရမည်။
(ခ) ဥပဒေများကို ပြဌာန်းခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း၊ သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။
(ဂ) မူဝါဒနှင့် လုပ်ငန်းစဉ်၊ စီမံကိန်း၊ မဟာဗျူဟာများကို ဆုံးဖြတ်နိုင်ရမည်/ ဝေဖန်ဆန်းစစ်နိုင်ရမည်။
(ဃ) သံတမန်အရည်အသွေးရှိရမည်။
(င) ဗြူရိုကရေစီယန္တယား၏ သဘောသဘာဝနှင့် ဖြစ်စဉ်ကို နားလည်ရမည်။
(စ) ပြည်သူထဲ၌ ဖြစ်ပျက်နေသော အရှိတရားကို ကြည့်မြင်တတ်ရမည်။
(ဆ) လိုရင်းသော့ချက်ကျသော ပြဿနာများကို ဆန်းစစ်၊ သုံးသပ်၊ ရွေးချယ်တတ်ရမည်။
သို့မှသာ လွှတ်တော်ထဲ၌ နိုင်ငံတည်ဆောက်ရေးသမား/ နိုင်ငံပြုသုခမိန်များ12
ဖြင့် အသက်ဝင်လာမည်
ဖြစ်သည်။
၁၃။ ဆင်းရဲမွဲတေမှုကား ကြောက်စရာကောင်း
လှသည်။ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲသူများအဖို့
နံပါတ် (၁) ပြည်သူအား ဆင်းရဲတွင်း
က ကယ်ထုတ်ရမည်။
နံပါတ် (၂) ပြည်သူ သက်သာချောင်
လည် အောင်လုပ်ပေးရမည်။
နံပါတ် (၃) ပြည်သူ ချမ်းသာအောင်
လုပ်ပေးရမည်။
နံပါတ် (၄) ပြည်သူက လူ့ဘဝတန်ဖိုး
နှင့် လူ့ဘဝအဓိပ္ပာယ်ကို ဖန်တီးနိုင်
အောင် ပြုပြင်စီရင်ပေးရမည်။
ထိုအရာများကို လုပ်နိုင်ရန် ဆင်းရဲမှု သံသရာ
ကို သိရမည်။ နားလည်ရမည်။ ဆင်းရဲခြင်း၏ ဇာတ်မြစ်ကို သိရမည်။ ပြည်သူ့ကို ဆင်းရဲခြင်း လွတ်ကင်းစေချင်
သော စိတ်ဆန္ဒပြင်းပြထက်သန်စွာ ရှိပါမှ နိုင်ငံရေးအာဏာကို မျှော်မှန်းသင့်သည်။
12
Statesman/ Statesmanship
8 | လွှတ်တော်အမတ် မင်းသေ့
၁၁။ တဖန် လွှတ်တော်တွင် အတည်ပြု ချမှတ်လိုက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသက်ဝင်
အောင်လုပ်ရသည်။ ထို့နောက် ပြန်လည် ဆန်းစစ်သုံးသပ်ရသည်။ အသစ်လိုအပ်သည်များကို ပြုစုရသည်။
ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ရသည်။
၁၂။ အနှစ်ချုပ်လိုက်လျှင် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် -
(က) အုပ်ချုပ်မှုနည်းနာနှင့် စီမံခန့်ခွဲမှု နည်းနာကို တတ်ကျွမ်းနားလည်ရမည်။
(ခ) ဥပဒေများကို ပြဌာန်းခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း၊ သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။
(ဂ) မူဝါဒနှင့် လုပ်ငန်းစဉ်၊ စီမံကိန်း၊ မဟာဗျူဟာများကို ဆုံးဖြတ်နိုင်ရမည်/ ဝေဖန်ဆန်းစစ်နိုင်ရမည်။
(ဃ) သံတမန်အရည်အသွေးရှိရမည်။
(င) ဗြူရိုကရေစီယန္တယား၏ သဘောသဘာဝနှင့် ဖြစ်စဉ်ကို နားလည်ရမည်။
(စ) ပြည်သူထဲ၌ ဖြစ်ပျက်နေသော အရှိတရားကို ကြည့်မြင်တတ်ရမည်။
(ဆ) လိုရင်းသော့ချက်ကျသော ပြဿနာများကို ဆန်းစစ်၊ သုံးသပ်၊ ရွေးချယ်တတ်ရမည်။
သို့မှသာ လွှတ်တော်ထဲ၌ နိုင်ငံတည်ဆောက်ရေးသမား/ နိုင်ငံပြုသုခမိန်များ12
ဖြင့် အသက်ဝင်လာမည်
ဖြစ်သည်။
၁၃။ ဆင်းရဲမွဲတေမှုကား ကြောက်စရာကောင်း
လှသည်။ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲသူများအဖို့
နံပါတ် (၁) ပြည်သူအား ဆင်းရဲတွင်း
က ကယ်ထုတ်ရမည်။
နံပါတ် (၂) ပြည်သူ သက်သာချောင်
လည် အောင်လုပ်ပေးရမည်။
နံပါတ် (၃) ပြည်သူ ချမ်းသာအောင်
လုပ်ပေးရမည်။
နံပါတ် (၄) ပြည်သူက လူ့ဘဝတန်ဖိုး
နှင့် လူ့ဘဝအဓိပ္ပာယ်ကို ဖန်တီးနိုင်
အောင် ပြုပြင်စီရင်ပေးရမည်။
ထိုအရာများကို လုပ်နိုင်ရန် ဆင်းရဲမှု သံသရာ
ကို သိရမည်။ နားလည်ရမည်။ ဆင်းရဲခြင်း၏ ဇာတ်မြစ်ကို သိရမည်။ ပြည်သူ့ကို ဆင်းရဲခြင်း လွတ်ကင်းစေချင်
သော စိတ်ဆန္ဒပြင်းပြထက်သန်စွာ ရှိပါမှ နိုင်ငံရေးအာဏာကို မျှော်မှန်းသင့်သည်။
12
Statesman/ Statesmanship
8 | လွှတ်တော်အမတ် မင်းသေ့
၁၁။ တဖန် လွှတ်တော်တွင် အတည်ပြု ချမှတ်လိုက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသက်ဝင်
အောင်လုပ်ရသည်။ ထို့နောက် ပြန်လည် ဆန်းစစ်သုံးသပ်ရသည်။ အသစ်လိုအပ်သည်များကို ပြုစုရသည်။
ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ရသည်။
၁၂။ အနှစ်ချုပ်လိုက်လျှင် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် -
(က) အုပ်ချုပ်မှုနည်းနာနှင့် စီမံခန့်ခွဲမှု နည်းနာကို တတ်ကျွမ်းနားလည်ရမည်။
(ခ) ဥပဒေများကို ပြဌာန်းခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း၊ သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။
(ဂ) မူဝါဒနှင့် လုပ်ငန်းစဉ်၊ စီမံကိန်း၊ မဟာဗျူဟာများကို ဆုံးဖြတ်နိုင်ရမည်/ ဝေဖန်ဆန်းစစ်နိုင်ရမည်။
(ဃ) သံတမန်အရည်အသွေးရှိရမည်။
(င) ဗြူရိုကရေစီယန္တယား၏ သဘောသဘာဝနှင့် ဖြစ်စဉ်ကို နားလည်ရမည်။
(စ) ပြည်သူထဲ၌ ဖြစ်ပျက်နေသော အရှိတရားကို ကြည့်မြင်တတ်ရမည်။
(ဆ) လိုရင်းသော့ချက်ကျသော ပြဿနာများကို ဆန်းစစ်၊ သုံးသပ်၊ ရွေးချယ်တတ်ရမည်။
သို့မှသာ လွှတ်တော်ထဲ၌ နိုင်ငံတည်ဆောက်ရေးသမား/ နိုင်ငံပြုသုခမိန်များ12
ဖြင့် အသက်ဝင်လာမည်
ဖြစ်သည်။
၁၃။ ဆင်းရဲမွဲတေမှုကား ကြောက်စရာကောင်း
လှသည်။ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲသူများအဖို့
နံပါတ် (၁) ပြည်သူအား ဆင်းရဲတွင်း
က ကယ်ထုတ်ရမည်။
နံပါတ် (၂) ပြည်သူ သက်သာချောင်
လည် အောင်လုပ်ပေးရမည်။
နံပါတ် (၃) ပြည်သူ ချမ်းသာအောင်
လုပ်ပေးရမည်။
နံပါတ် (၄) ပြည်သူက လူ့ဘဝတန်ဖိုး
နှင့် လူ့ဘဝအဓိပ္ပာယ်ကို ဖန်တီးနိုင်
အောင် ပြုပြင်စီရင်ပေးရမည်။
ထိုအရာများကို လုပ်နိုင်ရန် ဆင်းရဲမှု သံသရာ
ကို သိရမည်။ နားလည်ရမည်။ ဆင်းရဲခြင်း၏ ဇာတ်မြစ်ကို သိရမည်။ ပြည်သူ့ကို ဆင်းရဲခြင်း လွတ်ကင်းစေချင်
သော စိတ်ဆန္ဒပြင်းပြထက်သန်စွာ ရှိပါမှ နိုင်ငံရေးအာဏာကို မျှော်မှန်းသင့်သည်။
12
Statesman/ Statesmanship
9 | လွှတ်တော်အမတ် မင်းသေ့
၁၄။ ဖွံ့ဖြိုးမှုဗေဒတွင် ဆင်းရဲမှုသံသရာစက်ဝန်း13
ဆိုတာ ရှိသည်။ ဆင်းရဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာကို
ဘောဂဗေဒရှုထောင့်က လေ့လာထားခြင်းဖြစ်သည်။ ဘာကြောင့် ဆင်းရဲရသလဲ။ ဝင်ငွေနိမ့်၍ ဆင်းရဲရခြင်း ဖြစ်
သည်။ ဝင်ငွေနိမ့်တော့ ငွေမစုနိုင်။ ငွေမစုနိုင်တော့ ရင်းနှီးမြုပ်နှံမှု မပြုနိုင်။ ပြန်လည် မမြုပ်နိုင်တော့ စီးပွားရေး
ဖွံ့ဖြိုးမတိုးတက်။ စီးပွားရေး မတိုးတက်တော့ နိုင်ငံ့အသားတင် ဝင်ငွေ နိမ့်။ နိုင်ငံ့ဝင်ငွေ နိမ့်တော့ ထုတ်လုပ်မှု
စွမ်းအားကျ။ ထုတ်လုပ်မှု စွမ်းအား
ကျတော့ အလုပ်လက်မဲ့များ။
ထိုအချက်များသည် ဆင်းရဲမှု သံသ
ရာလည်ခြင်း၏ ကွင်းဆက်များ ဖြစ်
သည်။ အထူးသဖြင့် ဆင်းရဲမှု သံသ
ရာသည် အဆိုးကျော့ သံသရာ
လည်ခြင်း သဘောဖြစ်နေသည်။
၁၅။ ဆင်းရဲမှု အကြောင်းကို အစ
ဆွဲမထုတ်နိုင်သောအခါ ဆင်းရဲမှုကို
ချိုးဖျက်ဖို့အတွက် မလုပ်နိုင်ဖြစ်ရသည်။ ဆင်းရဲမှု စက်ဝိုင်းသည် ကြောက်ရွံ့မှုစက်ဝိုင်းကဲ့သို့ပင်ဖြစ်သည်။
ကြောက်တော့ မလုပ်။ မလုပ်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိတော့ မလုပ်တတ်။
မလုပ်တတ်တော့ မလုပ်နိုင်။ မလုပ်နိုင် တော့ စိုးရိမ်ပြီး ကြောက်။ ကြောက်တော့ မလုပ်။ မလုပ်တော့
အတွေ့အကြုံမရှိ၊ အတွေ့အကြုံမရှိတော့ မလုပ် နိုင်၊ မလုပ်နိုင်တော့ ကြောက်။
ဝင်ငွေ မရှိတော့ ပညာမတတ်။ ပညာမတတ်တော့ အလုပ်မရ၊ အလုပ်မရတော့ ဝင်ငွေမရှိ။ အလုပ်ရရင်လည်း
လုပ်ခ/ လစာနိမ့်တဲ့ အလုပ်ကိုသာ ရ။ လုပ်ခ နိမ့်တော့ ဝင်ငွေ နိမ့်။ ဝင်ငွေ နည်း…. စသဖြင့် ရှိနေသည်။
၁၆။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သူနေသူအဖို့ ပြည်သူ့၏ ဝင်ငွေကို တိုးအောင် လုပ်ပေးနိုင်ရမည်။
ဝင် ငွေတိုးတက်ရန် ဆိုလျှင် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းကို ဥပဒေနှင့်အညီ တန်းတူညီမျှစွာ
ခွင့်ပြုထား ရမည်။ နိုင်ငံသားမှန်လျှင် လူတိုင်းအား စီးပွားရေး လုပ်ပိုင်ခွင့် ညီမျှစေရမည်။ အဆိုပါ အချက်သည်
ဈေးကွက် စီးပွားရေးမူများကို အသက်ဝင်စေခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာလည်း ပြည်သူ
တစ်ဦးတစ်ယောက်ချင်းစီကို ချမ်းသာခွင့် အပြည့်အဝရစေပြီး ပြည်သူချမ်းသာလျှင် နိုင်ငံချမ်းသာခြင်းဖြစ်သည်
ဟု မှတ်ယူ ရန်ပင်ဖြစ်သည်။
13
Poverty Cycle
9 | လွှတ်တော်အမတ် မင်းသေ့
၁၄။ ဖွံ့ဖြိုးမှုဗေဒတွင် ဆင်းရဲမှုသံသရာစက်ဝန်း13
ဆိုတာ ရှိသည်။ ဆင်းရဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာကို
ဘောဂဗေဒရှုထောင့်က လေ့လာထားခြင်းဖြစ်သည်။ ဘာကြောင့် ဆင်းရဲရသလဲ။ ဝင်ငွေနိမ့်၍ ဆင်းရဲရခြင်း ဖြစ်
သည်။ ဝင်ငွေနိမ့်တော့ ငွေမစုနိုင်။ ငွေမစုနိုင်တော့ ရင်းနှီးမြုပ်နှံမှု မပြုနိုင်။ ပြန်လည် မမြုပ်နိုင်တော့ စီးပွားရေး
ဖွံ့ဖြိုးမတိုးတက်။ စီးပွားရေး မတိုးတက်တော့ နိုင်ငံ့အသားတင် ဝင်ငွေ နိမ့်။ နိုင်ငံ့ဝင်ငွေ နိမ့်တော့ ထုတ်လုပ်မှု
စွမ်းအားကျ။ ထုတ်လုပ်မှု စွမ်းအား
ကျတော့ အလုပ်လက်မဲ့များ။
ထိုအချက်များသည် ဆင်းရဲမှု သံသ
ရာလည်ခြင်း၏ ကွင်းဆက်များ ဖြစ်
သည်။ အထူးသဖြင့် ဆင်းရဲမှု သံသ
ရာသည် အဆိုးကျော့ သံသရာ
လည်ခြင်း သဘောဖြစ်နေသည်။
၁၅။ ဆင်းရဲမှု အကြောင်းကို အစ
ဆွဲမထုတ်နိုင်သောအခါ ဆင်းရဲမှုကို
ချိုးဖျက်ဖို့အတွက် မလုပ်နိုင်ဖြစ်ရသည်။ ဆင်းရဲမှု စက်ဝိုင်းသည် ကြောက်ရွံ့မှုစက်ဝိုင်းကဲ့သို့ပင်ဖြစ်သည်။
ကြောက်တော့ မလုပ်။ မလုပ်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိတော့ မလုပ်တတ်။
မလုပ်တတ်တော့ မလုပ်နိုင်။ မလုပ်နိုင် တော့ စိုးရိမ်ပြီး ကြောက်။ ကြောက်တော့ မလုပ်။ မလုပ်တော့
အတွေ့အကြုံမရှိ၊ အတွေ့အကြုံမရှိတော့ မလုပ် နိုင်၊ မလုပ်နိုင်တော့ ကြောက်။
ဝင်ငွေ မရှိတော့ ပညာမတတ်။ ပညာမတတ်တော့ အလုပ်မရ၊ အလုပ်မရတော့ ဝင်ငွေမရှိ။ အလုပ်ရရင်လည်း
လုပ်ခ/ လစာနိမ့်တဲ့ အလုပ်ကိုသာ ရ။ လုပ်ခ နိမ့်တော့ ဝင်ငွေ နိမ့်။ ဝင်ငွေ နည်း…. စသဖြင့် ရှိနေသည်။
၁၆။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သူနေသူအဖို့ ပြည်သူ့၏ ဝင်ငွေကို တိုးအောင် လုပ်ပေးနိုင်ရမည်။
ဝင် ငွေတိုးတက်ရန် ဆိုလျှင် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းကို ဥပဒေနှင့်အညီ တန်းတူညီမျှစွာ
ခွင့်ပြုထား ရမည်။ နိုင်ငံသားမှန်လျှင် လူတိုင်းအား စီးပွားရေး လုပ်ပိုင်ခွင့် ညီမျှစေရမည်။ အဆိုပါ အချက်သည်
ဈေးကွက် စီးပွားရေးမူများကို အသက်ဝင်စေခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာလည်း ပြည်သူ
တစ်ဦးတစ်ယောက်ချင်းစီကို ချမ်းသာခွင့် အပြည့်အဝရစေပြီး ပြည်သူချမ်းသာလျှင် နိုင်ငံချမ်းသာခြင်းဖြစ်သည်
ဟု မှတ်ယူ ရန်ပင်ဖြစ်သည်။
13
Poverty Cycle
9 | လွှတ်တော်အမတ် မင်းသေ့
၁၄။ ဖွံ့ဖြိုးမှုဗေဒတွင် ဆင်းရဲမှုသံသရာစက်ဝန်း13
ဆိုတာ ရှိသည်။ ဆင်းရဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာကို
ဘောဂဗေဒရှုထောင့်က လေ့လာထားခြင်းဖြစ်သည်။ ဘာကြောင့် ဆင်းရဲရသလဲ။ ဝင်ငွေနိမ့်၍ ဆင်းရဲရခြင်း ဖြစ်
သည်။ ဝင်ငွေနိမ့်တော့ ငွေမစုနိုင်။ ငွေမစုနိုင်တော့ ရင်းနှီးမြုပ်နှံမှု မပြုနိုင်။ ပြန်လည် မမြုပ်နိုင်တော့ စီးပွားရေး
ဖွံ့ဖြိုးမတိုးတက်။ စီးပွားရေး မတိုးတက်တော့ နိုင်ငံ့အသားတင် ဝင်ငွေ နိမ့်။ နိုင်ငံ့ဝင်ငွေ နိမ့်တော့ ထုတ်လုပ်မှု
စွမ်းအားကျ။ ထုတ်လုပ်မှု စွမ်းအား
ကျတော့ အလုပ်လက်မဲ့များ။
ထိုအချက်များသည် ဆင်းရဲမှု သံသ
ရာလည်ခြင်း၏ ကွင်းဆက်များ ဖြစ်
သည်။ အထူးသဖြင့် ဆင်းရဲမှု သံသ
ရာသည် အဆိုးကျော့ သံသရာ
လည်ခြင်း သဘောဖြစ်နေသည်။
၁၅။ ဆင်းရဲမှု အကြောင်းကို အစ
ဆွဲမထုတ်နိုင်သောအခါ ဆင်းရဲမှုကို
ချိုးဖျက်ဖို့အတွက် မလုပ်နိုင်ဖြစ်ရသည်။ ဆင်းရဲမှု စက်ဝိုင်းသည် ကြောက်ရွံ့မှုစက်ဝိုင်းကဲ့သို့ပင်ဖြစ်သည်။
ကြောက်တော့ မလုပ်။ မလုပ်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိတော့ မလုပ်တတ်။
မလုပ်တတ်တော့ မလုပ်နိုင်။ မလုပ်နိုင် တော့ စိုးရိမ်ပြီး ကြောက်။ ကြောက်တော့ မလုပ်။ မလုပ်တော့
အတွေ့အကြုံမရှိ၊ အတွေ့အကြုံမရှိတော့ မလုပ် နိုင်၊ မလုပ်နိုင်တော့ ကြောက်။
ဝင်ငွေ မရှိတော့ ပညာမတတ်။ ပညာမတတ်တော့ အလုပ်မရ၊ အလုပ်မရတော့ ဝင်ငွေမရှိ။ အလုပ်ရရင်လည်း
လုပ်ခ/ လစာနိမ့်တဲ့ အလုပ်ကိုသာ ရ။ လုပ်ခ နိမ့်တော့ ဝင်ငွေ နိမ့်။ ဝင်ငွေ နည်း…. စသဖြင့် ရှိနေသည်။
၁၆။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သူနေသူအဖို့ ပြည်သူ့၏ ဝင်ငွေကို တိုးအောင် လုပ်ပေးနိုင်ရမည်။
ဝင် ငွေတိုးတက်ရန် ဆိုလျှင် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းကို ဥပဒေနှင့်အညီ တန်းတူညီမျှစွာ
ခွင့်ပြုထား ရမည်။ နိုင်ငံသားမှန်လျှင် လူတိုင်းအား စီးပွားရေး လုပ်ပိုင်ခွင့် ညီမျှစေရမည်။ အဆိုပါ အချက်သည်
ဈေးကွက် စီးပွားရေးမူများကို အသက်ဝင်စေခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာလည်း ပြည်သူ
တစ်ဦးတစ်ယောက်ချင်းစီကို ချမ်းသာခွင့် အပြည့်အဝရစေပြီး ပြည်သူချမ်းသာလျှင် နိုင်ငံချမ်းသာခြင်းဖြစ်သည်
ဟု မှတ်ယူ ရန်ပင်ဖြစ်သည်။
13
Poverty Cycle
10 | လွှတ်တော်အမတ် မင်းသေ့
၁၇။ လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် စီးပွားရေးစနစ်များ၏ သဘောသဘာဝနှင့် စီးပွားရေး၏
လည်ပတ်မှု ပုံစံ ယန္တရားစနစ်ကို နားလည် တတ်သိရန် လိုအပ်သည်။ ငွေကြေးဆိုင်ရာ သဘောတရားများ
ကိုလည်း ကျေလည်စွာ တတ်သိရန် လိုသည်။ နိုင်ငံရေးသမားသည် စီးပွားရေးသမားတစ်ဦး ဖြစ်ချင်မှ ဖြစ်မည်။
သို့သော် နိုင်ငံ့ စီးပွားရေးယန္တရား အဆင်ပြေ တိုးတက်မြင့်မားစေရန် တာဝန်ရှိသည့် အတွက် မက်ခရို
စီးပွားရေး သဘော တရား14
နှင့် မိုက်ခရို စီးပွားရေး သဘောတရား15
၏ ဆက်စပ်ဖြစ်တည်မှုကို နားမလည်၍
မရချေ။
မက်ခရိုစီးပွားရေး
မက်ခရို ဘောဂဗေဒဟုလည်း ခေါ်နိုင်သည်။
မက်ခရိုဘောဂဗေဒမှာ စီးပွားရေး တစ်ခုလုံးကို ခြုံငုံလေ့လာခြင်း ဖြစ်သည်။ ဘိဇနက်လုပ်ငန်းအားလုံး၊
စားသုံးသူအားလုံးနှင့် ၎င်းတို့၏ စီးပွားရေးအပေါ် သက်ရောက်မှုများကို၊ အထူးပြုလေ့လာသည်။ အထူး
သဖြင့် စုစုပေါင်း ထုတ်လုပ်မှု၊ အလုပ်လက်မဲ့၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး အတက်အကျသံသရာ
တို့ ဖြစ်သည်။
တိုင်းပြည်စီးပွားရေး ဆိုရာတွင် တိုင်းပြည် ဝင်ငွေ၊ စုဆောင်းမှု၊ ရင်းနှီးမြုပ်နှံမှု၊ အလုပ်အကိုင်၊ လူဦးရေ၊
အစိုးရအသုံးစရိတ်၊ အခွန်တော်ရငွေ၊ ဘတ်ဂျတ်လိုငွေ၊ ငွေကြေးလည်ပတ်မှု၊ ကုန်သွယ်ရေး ရှင်းတမ်း၊
ငွေပေးငွေယူရှင်းတမ်း စသည်ဖြင့် ရှိသည်။
စီးပွားေ၇း တစ်ခုလုံးအတွက် ဆိုခဲ့ပါ သော့ချက်ကျသော အစိတ်အပိုင်းများကို မက်ခရို အခြင်းအရာ
များဟု ခေါ်သည်။ မက်ခရိုဘောဂဗေဒက၊ ၎င်းတို့ကို အဓိကထား လေ့လာသည်။16
မိုက်ခရိုစီးပွားရေး
မိုက်ခရိုဘောဂဗေဒဟုလည်း ခေါ်နိုင်သည်။
ဘိဇနက်လုပ်ငန်းတစ်ခုချင်း၊ အိမ်ထောင်တစ်ခုချင်းအလိုက် အနုစိတ်လေ့လာသော ဘာသာရပ် ဖြစ်
သည်။ ဝယ်လိုအား၊ ရောင်းလိုအား၊ ဈေးနှုန်းစသော အကြောင်းအရာများ ပါဝင်သည်။ တစ်ခုလုံး ခြုံငုံ
လေ့လာသည့် မက်ခရိုဘောဂဗေဒနှင့် ကွဲပြားစေရန်၊ အမည် တစ်မျိုး သတ်မှတ်ထားခြင်းဖြစ်သည်။17
၁၈။ လွှတ်တော် တစ်ရပ်အနေဖြင့် တည်ဆဲ အစိုးရကို ထိန်းကျောင်းရသော တာဝန်ရှိသည်။ အစိုးရအနေဖြင့်
နိုင်ငံတော်နှင့် ပြည်သူများအား အဓိက တာဝန် (၃) မျိုးကို အဓိက ထမ်းဆောင်ရသည်။
14
Macro Economic Concept
15
Micro Economic Concept
16
ကမ္ဘာလုံး စီးပွားရေး အဘိဓာန်/ ကျော်ဝင်း (ရေး) စာ- ၁၇၇
17
ကမ္ဘာလုံး စီးပွားရေး အဘိဓာန်/ ကျော်ဝင်း (ရေး) စာ - ၁၉၅
11 | လွှတ်တော်အမတ် မင်းသေ့
နံပါတ် (၁) နိုင်ငံ့၏ ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်
နံပါတ် (၂) နိုင်ငံ့၏ စီးပွားရေး တာဝန်
နံပါတ် (၃) နိုင်ငံ့၏ ဝန်ဆောင်မှုရေးရာ တာဝန်
စသည့် တာဝန် (၃) ရပ် အဓိက ရှိသည်။
၁၉။ အစိုးရတစ်ရပ်ကို အထိန်းအထေ ပြုလုပ်နေသော လွှတ်တော်အမတ်များအဖို့ နိုင်ငံတော်၏ ကာကွယ်ရေး
နှင့် လုံခြုံရေးဆိုင်ရာ အမြင် သဘောတရားများဖြင့် ထိစပ်အပ်သည်။ တစ်နည်းအားဖြင့် အခြေခံဥပဒေတွင်
ဖော်ပြ ထားသော စစ်ရေးအမြင် ဆိုသည့် အချက်ထက် ကာကွယ်ရေးနှင့် လုံခြုံရေးအမြင် ရှိရမည်ဟူသော
အချက် သည် သမ္မတ တစ်ဦးတွင်သာမက လွှတ်တော်အမတ်တိုင်းတွင်လည်း ရှိသင့်သည်။
၂၀။ နိုင်ငံတော်ကို အုပ်ချုပ်သည်ဆိုသည်မှာ တိုင်းပြည်အတွင်းရှိ ပြည်သူများ၏ စားဝတ်နေရေးကို တိုးတက်
ကောင်းမွန်အောင် ဆောင်ကြဉ်းနိုင်ခြင်း ဖြစ်သည်။ ပြည်သူများ၏ စားဝတ်နေရေး ဆိုသည်မှာ ပြည်သူများ၏
စီးပွားရေးပင်ဖြစ်သည်။ ပြည်သူများ၏ စီးပွားရေး ဆိုသည်မှာ နိုင်ငံ့စီးပွားရေးပင်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို
လေ့လာသော ပညာရပ်သည် နိုင်ငံရေးဘောဂဗေဒပညာရပ်ပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံရေး
ဘောဂဗေဒပညာရပ်ကို ကျွမ်းကျင်သည့် ပညာရှင်/ကျွမ်းကျင်သူများ အခိုင်အမာရှိခြင်းက အရေးကြီးသော
အချက် တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံအုပ်ချုပ်ရေးဆိုသည်မှာ နိုင်ငံတည်ဆောက်ရေးပင်ဖြစ်သည်။
နိုင်ငံတည်ဆောက်ရေးဆိုသည်မှာလည်း နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်းပင်ဖြစ်သည်။
၂၁။ နိုင်ငံ့စီးပွားရေးကို တည်ဆောက်ရန် မိမိတို့ တည်ဆောက်မည့် စီးပွားရေး အဆောက်အအုံကို ဖန်တီးတည်
ဆောက်နိုင်သည့် စီးပွားရေး စနစ်ကို ရွေးချယ်ရသည်။ ထို့နောက် အဆိုပါ စီးပွားရေး စနစ်နှင့် အဆက်အစပ်
ညီသော နိုင်ငံရေးစနစ်ကို ချမှတ်ကျင့်သုံးရသည်။ ထို့ကြောင့် လွှတ်တော်အမတ်များအနေဖြင့် နိုင်ငံရေးစနစ်နှင့်
စီးပွားရေးစနစ်တို့သည် တစ်ခုကိုတစ်ခု အပြန်အလှန် အညမည သဘော ကျေးဇူးပြုဖြစ်တည်နေရသည်ဟု
မှတ်ယူနေရမည်။
၂၂။ “နိုင်ငံအုပ်ချုပ်တယ်ဆိုတာ ငါးသေး
သေးလေး တစ်ကောင်တည်းနဲ့ ဟင်းဖြစ်
အောင်ချက်ရသလိုပဲ” တဲ့…. တခါတရံ
လွှတ်တော်အမတ်တွေမှာ နိုင်ငံ့အကျိုး
အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အလုပ်
တွေ အစီအစဉ်တွေ လုပ်ချင်ပါလျက်နှင့်
လုပ်ခွင့်မရသည့် အခြေအနေတွေ ရှိနေ
ခြင်းကိုလည်း သတိထားရပါမည်။
 လွှတ်တော်အမတ်တွေ ဘယ်လိုဖြစ်လာတာလဲ
 လွှတ်တော်အမတ်တွေ ဘာလုပ်ဖို့တာဝန်ရှိသလဲ
 လွှတ်တော်အမတ်တွေ ဘာအတွက် လွှတ်တော်ထဲမှာ
ရှိနေရတာလဲ
12 | လွှတ်တော်အမတ် မင်းသေ့
၂၃။ ထို့ကြောင့် နိုင်ငံရေးလုပ်နည်းတွင် အခြေအနေနှင့် အချိန်အခါ၏ မျက်နှာသာပေးမှုကို ဆုပ်ကိုင်တတ်ရန်
အထူးလိုအပ်သည်။ လွှတ်တော်တွင်း နိုင်ငံရေးသည်လည်း ထိုနည်း လည်းကောင်းပင်ဖြစ်သည်။ အခြေအနေ၊
အချိန်အခါ အလိုက် အစုအဖွဲ့အလိုက် ရွေ့အောင် တွန်းနိုင်ခြင်းသည်ပင် တကယ့် နိုင်ငံရေး စစ်စစ်ဖြစ်၏။ ထို့
ကြောင့် နိုင်ငံရေးတွင် မဟာဗျူဟာကျကျ ရွေ့အောင် တွန်းနိုင်ခြင်းသည် အခရာကျသည်။ မဟာဗျူဟာကျ
သော နိုင်ငံရေးနည်းနာသည် နိုင်ငံရေး အမြော်အမြင်တွင် အများကြီးမူတည်နေသည်။ နိုင်ငံရေးအမြော်အမြင်
ရှိခြင်းသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဟာမိုနီဖြစ်အောင်၊ ဆက်စပ်တွေးခေါ်တတ်ခြင်းပင်ဖြစ်သည်။
နိုင်ငံရေးတာဝန်
၂၄။ နိုင်ငံရေးအာဏာကို ရရှိရန် အလို့ငှာ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံကြသည်။ ရွေးကောက်ခံသည်
ဟု ဆိုနိုင်သည်။ ရွေးကောက်ခံ ယှဉ်ပြိုင်ရာတွင် အနိုင်ရရန်၊ မဲဆွယ်ကြသည်။ စည်းရုံးရေး ဆင်းကြသည်။
မဲဆွယ်သည့် အခါများ၌ ပြည်သူအား “ဘာလုပ်ပေးမည်၊ ညာလုပ်ပေးမည်” စသည်ဖြင့် မဲဆွယ်ကြသည်။
လက်တွေ့မကျသော မဲဆွယ်မှုများအား မစားရ ဝခမန်းပြော၍ မဲဆွယ်၍ အနိုင်ရသော အမတ်သည်
လွှတ်တော်ထဲတွင် အရှက်ကွဲရသည်။ လွှတ်တော်ထဲ တစ်ဦးတစ်ယောက်တည်းဖြင့် မဆိုစလောက်သော လုပ်
ပိုင်ခွင့်သာရှိသည်။ အုပ်စုလိုက်ချီ၍ တစ်ပြိုက်နက်တည်း တွန်းနိုင်သော နည်းနာဖြင့်သာ နိုင်ငံလုံးချီ ပြဿနာ
များကို ဖြေရှင်းနိုင်သည်။
၂၅။ ထို့ကြောင့် လွှတ်တော်ထဲတွင်
အစုအဖွဲ့အလိုက် ညီညွှတ်ရေးသည် အရေးကြီးသည်။
ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ရေးရာများကို ပြတ်သား
စွာ ခွဲခြားတတ်ရန် လိုသည်။
လက်တွေ့ကျသော၊ ဖြစ်သင့်ဖြစ်ထိုက်သော၊ ဖြစ်နိုင်ချေ
ရှိသော၊ အကျိုးရှိသော ကိစ္စများကို ရွေးချယ် ဆုံးဖြတ်တတ်ရန် လိုအပ်သည်။
ပြည်သူ့ရွေးချယ်မှုကို ထပ်မံရရှိရန် ပြည်သူ့သဘောထားနှင့် လိုလားချက်ကို မှန်ကန်စွာ မြင်တတ်ရန်
လိုအပ်သည်။
နိုင်ငံရေးသမားဆိုတာ နေရာတိုင်းမှာ
အတူတူပါပဲ။ သူတို့ဟာ မြစ်မရှိတဲ့ နေ
ရာ မှာတောင် တံတားတွေ ဆောက်
ပေးဖို့ ကတိပြုတတ်ကြတယ်။
နီကီတာ ခရူးရှက်
ခေါင်းဆောင်ဆိုတာ အလုပ်အကျွေးပြုဖို့ ဖြစ်လာတာပဲ။
ငါသာလျှင် အရေးပါတယ်လို့ တံပိုး ခရာ မှုတ်ပြနေရမှာ မဟုတ်ဘူး။
13 | လွှတ်တော်အမတ် မင်းသေ့
၂၆။ လွှတ်တော် အမတ်သည် အနာဂတ်၏ သမ္မတလောင်းဟုပင် ဆိုချင် ဆိုနိုင်သည်။ ဒီမိုကရေစီရင့်ကျက်လာ
သည်နှင့်အမျှ လွှတ်တော်အမတ်များသည် နိုင်ငံတော် သမ္မတဖြစ်ရန် အလားအလာ ပိုကောင်းလာသည်။ နိုင်ငံ
ရေးသမားသည် ခေတ်ကို ရှေ့ဆောင်သောသူဖြစ်သည်။ ခေတ်ကို ပြုသူဟုပင် ဆိုနိုင်သည်။ နိုင်ငံရေးတာဝန်
များဖြင့် လူထုကြားတွင် နေထိုင်ပြီး လူထုအကြောင်းကို ဂဃနဏ သိလာရသည်။ အမှန်တကယ် လူထုလိုအပ်
သော လိုအပ်ချက်ကို သိလာသည်။ လိုအပ်ချက်မြင့်မားလာသော လူထုကို ကြည့်၍ တစ်စုံတစ်ရာ ဖြည့်ဆည်း
ပေးချင်သည့် စိတ်ဆန္ဒပေါ်လာသည်။ ထိုစိတ်ဆန္ဒအလျောက် လူထုနှင့် ထိတွေ့သောအခါ လူထု ယုံကြည်မှုကို
ရသည်။ လူထု ယုံကြည်မှု ရသော နိုင်ငံရေးသမားအဖို့ လွှတ်တော်ထဲ ဝင်ရန် အသင့်တော်ဆုံးသာဖြစ်သည်။
၂၇။ နိုင်ငံရေးသမား အဆက်ဆက်သည် လူထုယုံကြည်မှုရရန် အထူးလိုအပ်သည်။ နိုင်ငံရေးမဲဆွယ်ခြင်း ဆို
သည်မှာ အကျိုးလိုလို့ ညောင်ရေလောင်းခြင်း မဖြစ်စေရ။ လူထုနှင့် မိမိအကြား ယုံကြည်မှု တည်ဆောက်ခြင်း
ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ဟုပင် ဆိုချင်
က ဆိုနိုင်ပေသည်။
၂၈။ လူထုယုံကြည်သော နိုင်ငံရေးသမား
အဖို့ ရွေးကောက်ပွဲဝင်ရန် သင့်သည်။ ရွေး
ကောက်ပွဲတွင် အနိုင်ရရှိလျှင်လည်း ပြည်သူ့
အကျိုးကို သယ်ပိုးနိုင်စွမ်းရှိသော စွမ်းရည်
များကို တည်ဆောက်အပ်သည်။ အရေး
အကြီးဆုံးကား နိုင်ငံရေး စိတ်စေတနာ
သည် အရေးအကြီးဆုံးဖြစ်သည်။ လူထုကို
လိမ်လို့ မရ။ လူထုကို ညာလို့ မရ။ လူထု
ပညာတတ်လာလေလေ၊ မဲဆွယ်ဖို့ ခက်လာ
လေလေ ဖြစ်သည်ကို သတိချပ်ရမည်။
၂၉။ လွှတ်တော် အမတ် တစ်ဦးအဖို့ အရေးကြီးသော အချက် (၁၁) ချက်ရှိသည်။
(၁) နိုင်ငံရေးနှင့် နိုင်ငံတည်ဆောက်ရေးကို စိတ်အားထက်သန်စွာ စိတ်ဝင်စားရမည်။
(၂) နိုင်ငံနှင့် ပြည်သူအား တိုးတက်ကြီးပွားလိုစိတ် ပြင်းပြစွာ ရှိရမည်။
(၃) နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်၍ ဦးဆောင်နိုင်သောသူဖြစ်အောင် ကြိုးစားရမည်။
(၄) လူထုနှင့် မိမိအကြား ယုံကြည်မှု တည်ဆောက်ရမည်။
(၅) လူထုကြားထဲ တိုးဝင်နေရမည်။ အောက်ခြေလူထုနှင့် ထိစပ်ရမည်။
(၆) လူထုကြီး၏ အမှန်တကယ်လိုအပ်ချက်နှင့် ပြဿနာကို သိရမည်။
(၇) လူထုလိုအပ်ချက်ကို ဖြည့်စွမ်းကူညီချင်သည့် စိတ်စေတနာ ကြီးစွာရှိရမည်။
14 | လွှတ်တော်အမတ် မင်းသေ့
(၈) နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုဗေဒ၊ နိုင်ငံတည်ဆောက်ရေး18
၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နည်းနာ
သဘောတရားများ19
ကို နားလည်ရမည်။
(၉) မိမိနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား၏ လည်ပတ်ပုံ၊ ဥပဒေပြုရေးစနစ်လည်ပတ်ပုံနှင့် တရားစီရင်ရေး
စနစ်၏ အသွားအလာများကို ကျေညက်စွာ သိရမည်။ နားလည် ဆန်းစစ်နိုင်ရမည်။
(၁၀) သမိုင်း၊ ဥပဒေနှင့် အတွေးအခေါ်တို့တွင် နှံ့စပ်ရမည်။
(၁၁) ခေါင်းဆောင်မှု စွမ်းရည်နှင့် အပြောအဟောစွမ်းရည် အထူးလိုအပ်သည်။
ဤကား လွှတ်တော်အမတ်များ ရှိရမည့် စွမ်းရည် (၁၁) ချက်ဖြစ်သည်။
၃၀။ လွှတ်တော်၏ အဓိက တာဝန်မှာ ဥပဒေပြုရေးဖြစ်သည်။20
ဥပဒေပြုရေး မဏ္ဍိုင်တွင် ပါဝင်သည့်
လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏ လုပ်ငန်းစဉ်နှင့် တာဝန်များ အနည်းဆုံး ယေဘုယျသဘောသိရ
မည်။ အကောင်းဆုံးမှာ တိတိကျကျ ပြတ်ပြတ်သားသား သိရမည်။
လွှတ်တော်များ၏ တာဝန်သည် မူများ စနစ်တကျ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအဖြစ် ပေါ်
ထွန်းလာခြင်း ရှိ/ မရှိ၊ ထိုမူများ အသက်ဝင်ခြင်း ရှိ/ မရှိ စောင့်ကြည့်၍ အပြန်အလှန် ထိန်းကျောင်းရန်
တာဝန်ရှိသည်။ လက်ရှိ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ပေါ်တွင် အလုပ်
လုပ်နိုင်သော လုပ်ငန်းစဉ် (၃) ခု ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များမှာ -
(၁) လွှတ်တော်များသို့ အဆိုများတင်သွင်းခြင်း
(၂) လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း
(၃) ဥပဒေကြမ်းများ တင်သွင်းခြင်း
အဆိုတင်သွင်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တစ်စုံတစ်ရာ စောင့်ဆိုင်းရန် မလိုပဲ ပြုလုပ်နိုင်
သည်။ အဆိုများကို ၁၅ ရက် ကြိုတင် တင်ပြန်ရန် ဖြစ်ပြီး ခွင့်ပြုချက်ရလျှင် ၁၅ မိနစ် တင်သွင်းခွင့်ရှိပါ
သည်။ တစ်နေ့လျှင် မေးခွန်း (၄) ခုသာ ကိုင်တွယ်မည် ဖြစ်ရာ မိမိ မေးခွန်း အမြန်ဆုံး အလှည့်ကျရန်
ဝီရိယ ရှိရှိ တန်းစီထားရန် လိုပါသည်။ မဲခွဲသည့် အခါ အဆိုအတည်ဖြစ်ရန် အဆိုကို သဘောမတူပဲ
မနေနိုင်အောင် ရေးသားတတ်၇န် လိုပါသည်။
မေးခွန်းများကိုလည်း ကိုယ်စားလှယ်များက တစ်စုံတစ်ရာကို စောင့်ဆိုင်းရန် မလိုပဲ တစ်ဖက်သတ်
စတင် နိုင်ပါသည်။ လွှတ်တော် အစည်းအဝေး ကျင်းပသည့်နေ့များတွင် ပထမ တစ်နာရီသာ အသုံးပြု
မည်ဖြစ်ပါသည်။ မေးခွန်းများကို (၁၀) ရက် ကြိုတင်၍ တင်ပြထားရန် လိုပါသည်။
18
State Building
19
Developmental Concept
20
The main function of parliament is law making.
15 | လွှတ်တော်အမတ် မင်းသေ့
A constitutional statesman is in
general a man of common
opinions and uncommon ability.
Bagehot, Walter on Politicians and Politics
(အခြေခံဥပဒေနည်းကျ နိုင်ငံတည်ဆောက်ရေးသမားဆိုတာ
ယေဘုယျအားဖြင့် လူအများရဲ့ သဘောထားအမြင်တွေနဲ့
ထပ်တူရှိသူဖြစ်တယ်။ ပြီးတော့ သူ့မှာ သူလို ငါလို မဟုတ် တဲ့
စွမ်းဆောင်ရည်တွေ ရှိတယ်။
ဥပဒေကြမ်း တင်သွင်းခြင်းကို ကိုယ်စားလှယ်များက မိမိသဘောဖြင့် ပြုလုပ်နိုင်သော်လည်း ဥပဒေကြမ်း
ရေးဆွဲခြင်းသည် ပညာရပ်သဘောများစွာပါဝင်သောကြောင့် ဥပဒေကြမ်းတစ်ခု ပေါ်ပေါက်ရေးသည်ပင်
များစွာ ခက်ခဲပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုတင်သွင်းခြင်းနှင့် မေးခွန်း
မေးမြန်းခြင်းကို အားကိုး၍ ပြည်သူလူထုအကျိုးကို ဆောင်ကြဉ်းပေးရန် လိုအပ်ပါသည်။ ကျန်ကိစ္စများ
မှာမူ Majority ခေါ် အများစု အနိုင်ရရှိမှသာ ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်မည့်
သဘောရှိသည်ကို တွေ့ရပေသည်။21
၃၁။ နိုင်ငံရေးပါတီ၊ လွှတ်တော် စသည့် အင်္ဂါရပ်များသည် ဒီမိုကရေစီစနစ်၏ လက္ခဏာရပ်များဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးပါတီမှတစ်ဆင့် ဖြစ်စေ၊ တစ်သီးပုဂ္ဂလရွေးကောက်ခံခြင်းမှ ဖြစ်စေ လွှတ်တော်ထဲသို့
ရောက်လာပြီဆိုလျှင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများဖြင့် လွှတ်တော်တစ်ရပ်၏ တာဝန်များကို ထမ်းဆောင်
ရမည်ဖြစ်ပေသည်။ လွှတ်တော် အမတ် တစ်ယောက် အဖို့ လွှတ်တော်တွင်း ဒီမိုကရေစီပြည့်ဝစွာ ရှင်သန်နိုင်
ရေးအတွက် လုံးဝတာဝန်ရှိသည်။ ဒီမိုကရေစီနှင့် မယှဉ်ပါးသည့် အမတ်များသည် လွှတ်တော်တွင်း ဒီမိုကရေစီ
ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။
၃၂။ လွှတ်တော်တွင်း ဒီမိုကရေစီ၌ အရေးကြီး
သည့် အချက် တစ်ခုကို သတိချပ်ရမည်။
Democratic Tolerance ဟုခေါ်သည့် ခန္တီ
တရားဖြစ်သည်။ ဒီမိုကရေစီကို “မတည့်အတူ
နေ” ဝါဒ ဟု ဝိဂြိုလ်ပြုသည်လည်း ရှိသည်။ ဒီမို
ကရေစီ၌ “Agree to Disagree” ဟုခေါ်သည့်
အမြင်မတူမှုများကို နားလည်လက်ခံမှု ရှိသည့်
ယဉ်ကျေးမှု တစ်ရပ်လည်း ထွန်းကားရမည်
ဖြစ်သည်။
၃၃။ အဆိုပါ ယဉ်ကျေးမှု (၂) ရပ် မထွန်းကား
လျှင် လွှတ်တော်၏ အာဏာကို သိမ်းယူရန်
အစဉ်အမြဲ စောင့်ကြည့်နေသည့် အဖွဲ့အစည်းသည် ထိုးထွက်လာနိုင်သည်။ လွှတ်တော်ကို အုပ်မိုးခံရပြီး
နောက်ဆုံး၌ လွှတ်တော်ကို ဖျက်သိမ်းရသည်အထိ ဖြစ်လာနိုင်သည်။ နိုင်ငံရေးဝါဒများ ကွဲပြဲခြင်းသည် နိုင်ငံရေး
၌ ပြဿနာ မဟုတ်ချေ။ သို့သော် အလွန်အကျွံ ဂိုဏ်းဂဏကွဲမှုများ ဖြစ်လာပြီး နိုင်ငံတော် ယန္တရား ပျက်ယွင်း
သည့် အခြေအနေအထိ ဖြစ်ပေါ်လာလျှင် အာဏာသိမ်းမှုဖြင့် ကြုံတွေ့ရန် အလားအလာရှိသည်။
21
အောင်ထွဋ် / လွှတ်တော်ပေါ်မှ ဖြစ်နိုင်ချေများ ဆောင်းပါး/ The Voice Weekly Vol 7 – No. 7
16 | လွှတ်တော်အမတ် မင်းသေ့
၃၄။ လွှတ်တော်ဟူသည် အစိုးရအဖွဲ့ကို ထိန်းကျောင်းရသော အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည်။ အစိုးရကို ထိန်း
ကျောင်းရမည့် မဏ္ဍိုင်သည် အစိုးရ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်နည်းလုပ်ဟန်များကို
အမြဲမပြတ် စောင့်ကြည့်နေရမည့် တာဝန်ရှိသည်။ နိုင်ငံတစ်ဝှမ်းလုံးတွင် အစိုးရ၏ လက်တံများ ရှည်လျှင် ရှည်
သကဲ့သို့ မိမိတို့ကလည်း မြင်နိုင်သမျှ များများမြင်အောင် ထိုးဖောက်ကြည့်မြင်နိုင်စွမ်းရှိရမည်။ အစိုးရတစ်ခုလုံး
၏ လုပ်ပုံကိုင်ပုံများ၊ အကောင်အထည်ဖော်မှုများကို ယေဘုယျ ကြည့်ရှုခြင်းထက် အသေးစိတ်ကြည့်ရှုနိုင်ရန်
လိုအပ်သည်။ နက်နက်နဲနဲ ကြည့်ရှု စစ်ဆေးနိုင်ရန် လိုအပ်သည်။ ထိုသို့သော တာဝန်များကို ထမ်းဆောင်နိုင်
စေရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော် နည်းဥပဒေများတွင် လွှတ်တော်အမတ်များ၏
လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို တိတိကျကျ ပြတ်ဌာန်းပေးထားသင့်သည်။
၃၅။ လွှတ်တော်သည် အစိုးရ၏ မူဝါဒတစ်ခုချင်းစီကို သုံးသပ်စိစစ်ရန် အရေးကြီးသည်။ ဘဏ္ဍာခွဲဝေသုံးစွဲမှု၊
အရင်းအမြစ်ရယူသုံးစွဲမှု၊ လုပ်ငန်းအကောင်အထည်ဖော်မှု၊ ပြည်သူ့ဝန်ဆောင်မှု ပေးခြင်း စသည့် ကဏ္ဍများကို
လေ့လာသုံးသပ်နေရမည်။ အစိုးရ လုပ်သမျှကို လွှတ်တော်က အမြဲ ဒေါက်ထောက်ကြည့်နေရန် တာဝန်ရှိ
သည်။ ထိုမှသာ အထိန်းအထေ ရှိသည့် ဒီမိုကရက်တစ် အစိုးရအဖြစ် အသွင်ယူနိုင်မည်ဖြစ်သည်။
၃၆။ လွှတ်တော်အမတ်များ၏ တာဝန်သည် ဥပဒေ ပြုရေး တစ်ခုတည်း မဟုတ်ချေ။ ပြဌာန်းထားသော ဥပဒေ
များကို အသက်ဝင်ရန် လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ဥပဒေတစ်ခုသည် ပြဌာန်းပြီးရုံဖြင့် မလုံလောက်ချေ။
ဥပဒေကောင်းများ ထွက်ပေါ်လာစေရန် တာဝန်ရှိသည့် အပြင် ဥပဒေဟောင်းများအား ပြန်လည် ပြင်ဆင်ရန်
အရေးကြီးသည်။ တည်ဆဲ မူဝါဒများသည် ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ် သက်ရောက်ခြင်းရှိ
မရှိ သုံးသပ်နေရမည်။ ထိုအချက်ကို မူဝါဒရေးရာ သုံးသပ်မှုဟု ခေါ်နိုင်သည်။ တည်ဆဲဥပဒေများ အသက်ဝင်မှု
သည် နိုင်ငံနှင့် မသင့်တော်တော့လျှင် ဥပဒေများကို ဖျက်သိမ်းရန်လည်း လုပ်ဆောင်ရန် တာဝန်ရှိသည်။
၃၇။ ဥပဒေသမားတစ်ယောက်သည် ဥပဒေတစ်ခုထဲတွင် ပါဝင်သည့် အပိုဒ်များ၊ ပုဒ်မများ နည်းစနစ်မှန်မမှန် ကို
သာ သုံးသပ်သည်။ ကြည့်သည်။ လွှတ်တော်အမတ်တစ်ယောက်အဖို့ ဥပဒေပြုရေးနည်းနာ နိဿရများကို
သိစေရန် သာမက ဥပဒေထဲ၌ ပြဌာန်းရေးသားထားသော ပုဒ်မများ၊ အပိုဒ်တစ်ခုချင်းစီသည် ပြည်သူလူထု
အပေါ် မည်သို့ မည်ပုံ သက်ရောက်နိုင်သနည်း၊ ထိုသို့ သက်ရောက်လျှင်လည်း မည်သို့သော ကောင်းကျိုး၊ ဆိုး
ပြစ်များ ဖြစ်လာနိုင်သည်ဆိုသည်ကိုပါ အမြော်အမြင်ရှိစွာ သုံးသပ်ရန် တာဝန်ရှိသည်။
၃၈။ ယခင် အစိုးရဟောင်းလက်ထပ်က လုပ်ဆောင်ခဲ့သော စီမံကိန်းများ၊ မူဝါဒများ၊ အထောက်အပံ့များနှင့်
စာချုပ်များ၊ သဘောတူညီမှုများအား အစဉ်တစိုက်သုံးသပ်နေရန် လိုအပ်သည်။ နိုင်ငံရေးသမားတစ်ယောက်၏
တာဝန်သည် လူထုထောင်ခံမှုရှိအောင်လုပ်၍ နိုင်ငံရေးအာဏာရအောင် လုပ်ဆောင်ရေးသည် အဓိကကျနေ
သော်လည်း ပြည်သူက ရွေးကောက်တင်မြှောက်ခံရပြီးချိန်တွင် ပြည်သူ့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ထိထိ
ရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် သတိတရားဖြင့် အမြဲ တာဝန်ထမ်းဆောင်နေရန် အရေးကြီးသည်။
17 | လွှတ်တော်အမတ် မင်းသေ့
၃၉။ အစိုးရသည် မူဝါဒများ၊ စီမံကိန်းများကို ပြဌာန်းထားသော ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ရသူ
ဖြစ်ရာ၊ အစိုးရက ကြီးကြပ်၍ စီမံခန့်ခွဲရသော ငွေကြေးပမာဏသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင်
အင်မတန်များပြားသည်။ ဘဏ္ဍာရေး စာရင်းဇယားများသည်လည်း အင်မတန် ရှုပ်ထွေးလေ့ရှိသည်။ တခါတရံ
လုပ်ထုံးလုပ်နည်းများနှင့် ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များသည် ဥပဒေနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။
လွှတ်တော်အမတ်များသည် ဝန်ကြီးဌာနများ၏ လက်ရှိ အသက်ဝင်နေသော လုပ်ထုံးလုပ်နည်းနှင့် နည်းဥပဒေ
များ၊ ညွှန်ကြားချက်များကို ဥပဒေနှင့် ညီမညီ စောင့်ကြည့်နေရန် လိုအပ်သည်။
၄၀။ တရားရေးမဏ္ဍိုင်အနေဖြင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့်သော်လည်းကောင်း
ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို မည်သူက တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်
ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီမညီ အမြဲသုံးသပ်နေရန်၊ အဓိပ္ပာယ်ဖွင့်ဆိုနေရန်၊ စီရင်ပြဌာန်းရန် အမြဲ
တာဝန်ရှိနေသည်။ ထိုကဲ့သို့ပင် လွှတ်တော်အမတ်များသည်လည်း ဝန်ကြီးဌာနအလိုက် များပြားသော လုပ်ထုံး
လုပ်နည်းနှင့် အမိန့်၊ ညွှန်ကြားချက်များကို စောင့်ကြည့်ထိန်းကျောင်းရန် အရေးတကြီး လိုအပ်သည်။
၄၁။ လွှတ်တော်သည် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းသည့် Watch dog ကဲ့သို့သော တာဝန်ကိုလည်း
ယူထားရပေသည်။ အစိုးရသည် စီမံကိန်းများကို အကောင်အထည်ဖော်ရုံဖြင့် တာဝန်မကျေသေးချေ။ ပြည်သူ့
အပေါ် အလုံးစုံ တာဝန်ခံမှု ရှိစေရန်လည်း လွှတ်တော်အမတ်များက အမြဲတိုက်တွန်းနိုးဆော်နေရပေသည်။
လွှတ်တော်အမတ်များကိုယ်တိုင်က အစိုးရ၏ လုပ်ငန်းစဉ်များကို နက်နက်နဲနဲ လေ့လာမသိရှိထားပါက၊ အစိုးရ
ကို ထိန်းကျောင်းရာတွင် အားနည်းမည် ဖြစ်သည်။ အစိုးရ၏ ငွေကြေးအသုံးစာရင်းများကို စိစစ်ရမည်ဖြစ်ရာ
ငွေကြေးရှင်းတမ်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို ကြည့်တတ်ရန် လိုသည်။ အဆိုပါ ရှင်းတမ်းများကို ကိုယ်တိုင်
လုပ်တတ်စရာ မလိုချေ။ စစ်ဆေးကြည့်ရှုတတ်ရန် အထူးလိုအပ်သည်။ ငွေကြေးဆိုင်ရာ အသိနှင့် ဗဟုသုတ
များအား လေ့လာသင့်သည်။
၄၂။ တဖန် အစိုးရက တင်ပြလာသော ဘဏ္ဍာရေး အသုံးစရိတ်များကို လွှတ်တော်က ဖြစ်သင့်ဖြစ်ထိုက်သော
ပမာဏများဖြစ်အောင် ဆုံးဖြတ်ချက်ပေးရသည်ဖြစ်ရာ၊ လုပ်ငန်းအကောင်အထည်ဖော်မှုတွင် ကုန်ကျနိုင်သော
ငွေကြေးပမာဏအား ဆုံးဖြတ်စဉ်းစားနိုင်သော ဥာဏ်ရည်မျိုးရှိမှသာ လွှတ်တော်အမတ်ဖြစ်ထိုက်သည်။ လွှတ်
တော်အမတ်များအနေဖြင့် မိမိကိုယ်တိုင် မတတ်သိသော်မှ တတ်သိသော အစုအဖွဲ့များကို မိမိနောက်တွင်
တည်ဆောက် ကျားကန်ထားရန် အရေးကြီးသည်။
၄၃။ အမေရိကန် သမ္မတ အဆက်ဆက်သည် သမ္မတ လုပ်ဖူးသော အတွေ့အကြုံမရှိပါပဲ အလွန်ရှုပ်ထွေးသော
နိုင်ငံတော် ယန္တရားကြီးကို အဆင်ပြေအောင် လည်ပတ်နိုင်စွမ်းရှိနိုင်ခဲ့ခြင်းမှာ အကြံပေးကောင်းများ၊ လူတော်
လူကောင်းများကို ခေါ်ယူသုံးစွဲတတ်ခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားများသည် မိမိကိုယ်ကို
နိုင်ငံရေးအရည်အသွေးများ ဖြည့်တင်းပြီးသော် လူတော်များကို ချစ်ခင်တတ်သော စိတ်ဓာတ်နှင့် နိုင်ငံ့အကျိုး
အတွက် ကောင်းစွာ အသုံးချစီမံခန့်ခွဲတတ်သော အရည်အသွေးများကို တည်ဆောက်ရန် လုပ်ဆောင်ရမည်။
18 | လွှတ်တော်အမတ် မင်းသေ့
အမတ်အရည်အချင်း (၈) မျိုး
၄၄။ ရာဇနီတိ၌ အမတ်တို့ ပြည့်စုံရမည့် အရည်အချင်း (၈) မျိုးကို ပြဆိုထားသည်။ ၎င်းမှာ -
(၁) အကြားအမြင်များခြင်း
(၂) သီလသီတင်းရှိခြင်း
(၃) ရဲရင့်ခြင်း
(၄) လုံ့လဝီရိယ ရှိခြင်း
(၅) အမှုကိစ္စပြီးစီးအောင် စီရင်တတ်ခြင်း
(၆) ခွန်အားကြီးခြင်း
(၇) လောဘမရှိခြင်း
(၈) ချစ်ဖွယ်သော အရောင်အဆင်းရှိခြင်း စသည်တို့ ဖြစ်သည်။
၄၅။ အကြားအမြင် များခြင်း - နိုင်ငံရေးလုပ်သူအဖို့ နယ်ပယ်အားလုံးလိုလိုနှင့် ထိစပ်ပက်သက်နေရသည်
ဖြစ်ရာ၊ နယ်ပယ်ပေါင်းစုံ၌ နှံ့စပ်တတ်သိခြင်းက နိုင်ငံရေးအရခေါင်းတစ်လုံးသာခြင်း ဖြစ်သည်။ ဆိုရေးချိန်
ဆိုရေးရာတွင် နှုတ်စွံ့နေ၍ မရ။ ဆွေးနွေးပြောဆိုတတ်ရမည်။ ဝေဖန် ဆင်ခြင်တတ်ရမည်။ စကားလုံးများကို
စိစစ်တတ်ရမည်။ မျက်စိမှလည်းကောင်း၊ နားမှလည်းကောင်း အချက်အလက်များပေါင်းစုံ နေ့စဉ်နှင့်အမျှ
ဝင်လာလိမ့်မည်။ ဝင်လာသော အချက်အလက်အားလုံးကို အလုံးစုံ လက်ခံ၍ မသင့်ချေ။ စိစစ်ရမည်။ အမှိုက်
ဆိုတာ ဘယ်အရာ ဆိတာကို ခွဲခြားသိရမည်။ မျက်စိထဲ၊ နားထဲသို့ ဘာကိုမှ စစ်မထုတ်ဘဲ အားလုံးအဝင်ခံ၍
မရ။ အမတ်များ၏ မျက်စိနှင့် နားများတွင် ဇကာတပ်ထားရမည်။
၄၆။ သီလ သီတင်း ရှိခြင်း - လူအများကို ကိုယ်စားပြု၍ ဦးဆောင်နေသူသည် သာမန်သီလရှိသူမျိုး မဖြစ်သင့်
ချေ။ အထူးသဖြင့် အခြေခံသီလ မြဲမြံရမည်။ အခြေခံသီလမှ မခိုင်မြဲသူသည် အများကို ကိုယ်စားပြုချေက ကိုယ်
စားပြုခံရသူ ပြည်သူများ နှစ်နာမည်။ မဲပေးသော ပြည်သူတို့၏ မဲတန်ဖိုးများ အဟောသိကံဖြစ်မည်။ ထို့ထက်
ပိုချေက အကျိုးပင် ယုတ်နိုင်သည်။ အခြေခံသီလပင် မပြည့်စုံသူကို မဲပေး၍ အာဏာရစေက အဆိုပါ ပြည်သူ
တို့ ပျက်စီးမည်။ အကျိုးယုတ်မည်။
၄၇။ ရဲရင့်ခြင်း - အမှန်ကို မသိသူသည် မရဲရင့်ချေ။ ရဲရင့်တိုင်းလည်း အမှန်မသိချေ။ ဥာဏ်ပါသော ရဲရင့်မှုမှသာ
အရာဝင်သည်။ ထိရောက်သည်။ အကျိုးဖြစ်သည်။ ထို့ကြောင့် အမှန်ကို သိအောင် လုပ်ရမည်။ မှန်ရာကို ချင့်
ချိန်၍ ရဲရင့်ခြင်းသည် ပါးနပ်လိမ္မာခြင်း မည်သည်။ အရိပ်သုံးပါးနားလည်သော ရဲရင့်ခြင်းမျိုးသော နိုင်ငံရေး
ပရိယာယ်အားဖြင့် ကြွယ်ဝရမည်။ အကြောင်းကို မသိသော ရဲရင့်ခြင်းကာ မိုက်ရူးရဲခြင်းပင်ဖြစ်သည်။ ဥာဏ်ဖြင့်
ရဲရင့်သော ရဲရင့်ခြင်းဖြင့် နိုင်ငံရေးကစားကွက် ထွင်တတ်ရမည်။
19 | လွှတ်တော်အမတ် မင်းသေ့
၄၈။ လုံ့လ ဝီရိယ ရှိခြင်း - ပြည်သူ့အကျိုးဆောင်ရွက်ရာတွင် အမြဲ ထထကြွကြွ နိုးနိုးကြွကြွ၊ တက်တက်ကြွကြွ
ရှိခြင်းသည် အမတ်ကောင်းတစ်ယောက်၏ လက္ခဏာရပ်ကောင်းဖြစ်သည်။ ကာယကံမြောက် နိုးကြားတက်ကြွ
နေရမည်။ စိတ်ဓာတ်အားဖြင့် နိုးကြားတက်ကြွနေရမည်။ လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုရာ၌ လုံ့လ
ဝီရိယရှိရှိ ပြင်ဆင်လေ့လာထားခြင်းက နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားမှုကို ဖြစ်စေလိမ့်မည်။
၄၉။ အမှုကိစ္စပြီးစီးအောင် ဆောင်ရွက်တတ်ခြင်း - အလုပ်တစ်ခု လုပ်ရာ၌ ဟိုတို့လို့တန်းလန်း၊ ဒီတို့လို့တန်းလန်း
လုပ်နေ၍ မရ။ စခဲ့သည့် ကိစ္စကို ပြီးမြောက်အောင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်ရမည်။ ပြီးစီးအောင် ဆောင်
ရွက်လေ့ မရှိခြင်းသည် ဟိုစပ်စပ်၊ ဒီစပ်စပ်သမားသာ ဖြစ်သည်။ ယောင်ခြောက်ဆယ် သမားသာ ဖြစ်သည်။
ဟိုယောင်ယောင် ဒီယောင်ယောင် စိတ်ဓာတ်ဖြင့် ပြည်သူ့အကျိုး သယ်ပိုး၍ မရ။ ယောင်ခြောက်ဆယ်သမား
ပုံစံဖြင့် နိုင်ငံအကျိုးကို နှမ်းဖြူး၍ မရချေ။
၅၀။ ခွန်အားကြီးခြင်း - အများအကျိုးဆောင် ပုဂ္ဂိုလ်သည် ကိုယ်ကာယ ကြံ့ခိုင်သန်မာရမည်။ စိတ်ဓာတ်မြဲမြံ
ပြတ်သားရမည်။ အကြောင်းမှာ သူ့၌ ခရီးအရှည်ကြီးသွားရအုံးမည် ဟု ကွန်ဖြူးရှပ်က ပြောခဲ့သည်။ နိုင်ငံရေး
အကျိုးဆောင် ပုဂ္ဂိုလ်တစ်ယောက်အဖို့ ကျန်းမာရေးကောင်းရမည်။ စိတ်ဓာတ်ခွန်အားကြီးရမည်။ စိတ်ဓာတ်ခွန်
အားကြီးခြင်း၌ သဘောထားကြီးခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ပျင်းရိထိုင်းမှိုင်းမှု ကင်းခြင်း၊ ပြတ်သားခြင်း စသည့် စွမ်း
ရည်တို့ ပါဝင်သည်။
၅၁။ လောဘမရှိခြင်း - လုပ်ပိုင်ခွင့်အာဏာ ခပ်ကြီးကြီးရသူတို့သည် အဂတိလိုက်စားမှု၊ ခြစားမှု၊ လာဘ်စားမှု တို့
ဖြင့် ဇာတ်သိမ်းရတာ များသည်။ လူရယ်လို့ ဖြစ်လာပါက လောဘ၊ ဒေါသ၊ မောဟ ရှိစမြဲဖြစ်သည်။ ဤအချက်
များကို သတိဖြင့် ထိန်းရမည်။ စောင့်စည်းရမည်။ ထိန်းချုပ်ရမည်။ ပုထုဇဉ်သဘောအရ၊ လောဘအနည်းဆုံးဖြစ်
အောင် ကျင့်ကြံတတ်ရမည်။ ဤသို့လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်နေပြီ ဖြစ်ကြောင်း မှတ်ရမည်။
၅၂။ ချစ်ဖွယ်သော အရောင်အဆင်းရှိခြင်း - လူမှာအဝတ်၊ တောင်းမှာအကွပ်ဟူသော စကားရှိသည်။ ကိုယ့်
အရည်အချင်း ကိုယ့်ဂုဏ်သိက္ခာဖြင့် လိုက်လျောညီထွေဖြစ်သော ဝတ်စားဆင်ယင်မှု ပြုရမည်။ ကလေးဆန်
သော၊ မရင့်ကျက်သော ဝတ်စားမှုမျိုး မရှိစေရ။ ရင့်ကျက်သောသွင်ပြင်၊ တည်ငြိမ်သော သွင်ပြင်၊ လေးနက်
သောသွင်ပြင် ဖြစ်အောင် နေထိုင်တတ်ရမည်။ လွန်စွာတောက်ပြောင်သစ်လွင်သော ဝတ်စားဆင်ယင်မှု မလို
အပ်ချေ။ သက်သောင့်သက်သာရှိသော ပုံစံ နေထိုင်ပြုမူရမည်။ နှစ်လိုဖွယ်ရှိသော အသွင်အပြင်ဖြင့် ချစ်ခင်ဖွယ်
ရာ အပြောအဆို အပြုအမူရှိစေရမည်။
မင်းတိုင်ပင် အမတ် (၄) မျိုး
၅၃။ ရာဇသေဝက ကျမ်း၌ မင်းတိုင်ပင်အမတ် (၄) မျိုးရှိကြောင်း ခွဲပြထားသည်။
(၁) ဝိနိစ္ဆယ အမတ်
(၂) ဝေါဟာရိက အမတ်
20 | လွှတ်တော်အမတ် မင်းသေ့
(၃) အန္တောကာရိက အမတ်
(၄) အဌကူလိကာ အမတ်
၅၄။ ဝိနိစ္ဆယ အမတ် - တိုင်းပြည်ရေးရာ အရေးကြီးသည့် အမှုကိစ္စများကို စူးစမ်းသိမြင်နိုင်သည့် အမတ်။
ဤအမတ်မျိုးသည် ရေးရာအဖြာဖြာကို သိမြင်တတ်သည့် ဥာဏ် ရှိသူဖြစ်သည်။ ကြွယ်ဝသော ဗဟုသုတဥာဏ်
ဖြင့် ပြည့်စုံသူဖြစ်သည်။ နိုင်ငံရေးကိစ္စဟူသည် နယ်ပယ်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ ပြဿနာမျိုးစုံ ရှိသည်
ဖြစ်ရာ နိုင်ငံရေးသမားအဖို့ ကျယ်ပြန့်နှံ့စပ်သော အသိရှိခြင်းသည် တိုင်းပြည်အတွက် ရတနာဖြစ်သည်။ ဤသို့
သော သူသည် အဘိဓာန်လို၊ စွယ်စုံရ လူမျိုးဖြစ်သည်။ ဤသို့သော အမတ်မျိုးကို ပြဿနာများ၊ အဖြေများကို
ဝေဖန်ဆန်းစစ်အဖြေရှာသည့် လွှတ်တော်ကဲ့သို့သော နေရာမျိုး၌ ရှိစေသင့်သည်။
၅၅။ ဝေါဟာရိက အမတ် - အမှုကိစ္စတို့တွင် မှန်ကန်သော အဆုံးအဖြတ်တို့ကို ပေးနိုင်သည့် အမတ်။ ဤအမတ်
မျိုးသည် စဉ်းစားတွေးခေါ်အားကောင်းသော အရည်အသွေးမျိုးရှိသူဖြစ်သည်။ သူ့တွင် ဖော်မြူလာကောင်းရှိ
သည်။ သူ့၌ လိုအပ်သော အချက်အလက်များကိုသာပေးပါ။ ပြဿနာများကို တိကျသေချာစွာ အဖြေထုတ်နိုင်
စွမ်းရှိသူဖြစ်သည်။ ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဥာဏ်မြင့်၍ ကြောင်းကျိုးသိသော ဥာဏ်မျိုး ပိုင်ဆိုင်သော အမတ်
ဖြစ်သည်။ ဤသို့သော အမတ်မျိုးကို မူဝါဒ ချမှတ်သည့် ရာထူးနေရာများ၌ တာဝန်ပေးသင့်သည်။
၅၆။ အန္တောကာရိက အမတ် - အုပ်ချုပ်မှုရေးရာ ဌာနများတွင် နိုင်နင်းစွာ စီရင်အုပ်ချုပ်နိုင်သည့် အမတ်။ ဤ
အမတ်မျိုးသည် စီမံခန့်ခွဲမှုကောင်းသော သူဖြစ်သည်။ စီမံခန့်ခွဲမှုအတတ်၊ လူတွေကို ခိုင်းစေသောအတတ်ကို
ကျွမ်းကျင်စွာ နိုင်နင်းသူဖြစ်သည်။ လူ့သဘော၊ လူ့မနောကို သိသည်။ လူ့အထာနှင့် လူ့စရိုက်ကို သိသည်။
လူများ၏ စွမ်းရည်နှင့် အားသာချက်၊ အားနည်းချက်များကို ခွဲခြားဝေဖန်တတ်သိသော သူဖြစ်သည်။ ဤသို့
သော အမတ်မျိုးကို မူဝါဒ အကောင်အထည်ဖော်သည့် ရာထူးနေရာများ၌ တာဝန်ပေးလျှင် သင့်တော်သည်။
၅၇။ အဌကူလိကာ အမတ် - မျိုးရိုးစဉ်လာအရ ဆင်းသက်လာခဲ့၍ ငယ်စဉ်ကပင်လျှင် နိုင်ငံရေးရာ အမှုကိစ္စ
အဝဝတို့ကို ကျွမ်းကျင်တတ်မြောက်လာခဲ့သည့် အမတ်။ ဤအမတ်မျိုးသည် အစဉ်အလာ၌ ပညာတတ်သိ
သော စွမ်းရည်ရလာသူဖြစ်သည်။ ယခုကာလ၌ ဤသို့သောသူ မရှိချေ။ ဘိုးဘွားဖခင်လက်ထက်မှယခုတိုင်
အောင် နိုင်ငံရေး လုပ်လာသည့် နိုင်ငံရေး မျိုးရိုးရှိသူသာ ရှိနိုင်တော့သည်။
အမတ် (၂) မျိုး
၅၈။ ဦးဘဦး၏ မြန်မာအုပ်ချုပ်ရေးပညာ စာအုပ်၌ အမတ် (၂) မျိုးကို ထပ်မံ ခွဲခြား ပြထားသေးသည်။
- ဓီသဇီဝ အမတ် နှင့် ကမ္မသ ဇီဝ အမတ် ဟူ၍ ဖြစ်သည်။
၅၉။ ဓီသဇီဝ အမတ် - မင်းပြောင်းမင်းလွှဲကို ပဓာနမထားပဲ အမတ်၏ ဝတ္တရား၌သာ စိတ်ပါဝင်စား၍ အမျိုးအရိုး
အားလျော်စွာ အလုပ်၊ ပညာ အရည်အချင်း အလျောက် မင်းဆက်အများအပြား၌ ဆက်ခါ ဆက်ခါ ဆောင်ရွက်
21 | လွှတ်တော်အမတ် မင်းသေ့
သောဓလေ့ရှိသည့် အမတ် ဖြစ်သည်။ ဤကဲ့သို့သော အမတ်မျိုးသည် အတွေ့အကြုံရင့်ကျက်၍ မိမိကျဉ်လည်
ရာ နယ်ပယ်၌ ကျွမ်းကျင်တတ်သိမှု ပြည့်စုံသူဖြစ်သည်။ ယခုခေတ် ဝေါဟာရအနေဖြင့် ဖော်ပြရသော်
တက်ခနိုကရက် ကဲ့သို့သော သူမျိုးဖြစ်သည်။
၆၀။ ကမ္မသဇီဝ အမတ် - အခြေအနေအချိန်အခါအရ ပေါ်ပေါက်လာသည့် အမတ်မျိုး ဖြစ်ကြ၍ ဘုရင်၊ မိဖုရား၊
မင်းညီမင်းသားတို့ အိမ်နိမ့်စံစဉ်က စ၍ အထွဋ်အထိပ် ရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးသူများ
ဖြစ်ကြသည်။ ကမ္မသဇီဝ အမတ်ဆိုသည်မှာ ဘုရင့် အိမ်တော်ပါများဖြစ်၍ နန်းတက်ရန် ကြံစည်ရာ ပါဝင်ကြပြီး၊
လက်ရုံး အားကိုးတတ်သူများဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ယနေ့ခေတ်တွင် သက်ဦးဆံပိုင် ဘုရင်စနစ်
ပျက်သုဉ်းသွားသည်ဖြစ်ရာ၊ ဤကဲ့သို့သော အမတ်မျိုးမရှိတော့ဟု ပြောနိုင်သည်။ သို့သော်လည်း ထိုပုံစံရှိသော
နိုင်ငံရေးသမား အမတ်များလည်း ရှိသေးသည်။ အထူးသဖြင့် တော်လှန်ရေးနည်းဖြင့် လူထုထောက်ခံမှုရလာ
သော အမတ်မျိုးသည် ဤကဲ့သို့သော စရိုက်မျိုးနှင့် နီးစပ်သည်။ တဖန် အရှင်မွေး၍ နေ့ချင်းကြီးသည့် နိုင်ငံရေး
အာဏာရ ပုဂ္ဂိုလ်မျိုးသည်လည်း ဤကဲ့သို့ ဖြစ်နိုင်ချေ များသည်။ ဘုရင်ကို ကပ်ရပ် မှီခို အားသန်သော အမတ်
လည်း ကမ္မသဇီဝ အမတ်ဟု ခေါ်သည်။
မင်းတိုင်ပင် အမတ် မဖြစ်သင့်သူ
၆၁။ မင်းတို့ မတိုင်ပင်အပ်သူ (၈) ယောက် ရှိကြောင်းကို မိလိန္ဒ ပဥှာကျမ်း၌ ဖော်ပြထားသည်။
(၁) ရာဂစရိုက် ကြီးသော သူ ရတ္တော
(၂) ဒုစရိုက်များသောသူ ဒုဌော
(၃) မိုက်မဲသောသူ မုဌော
(၄) မာနကြီးသောသူ မာနော
(၅) ကြမ်းကြုတ်သောသူ လုဒ္ဓေါ
(၆) ပျင်းရိသောသူ အလသော
(၇) တစ်ခုတည်းသော အမှုကို တမ်းတမ်းစွဲ စိတ်ရှိသူ ဧကစိန္တိ
(၈) အသက်ငယ်သောသူ ဗာလော
ဤလူ (၈) မျိုးကို နိုင်ငံရေး အစည်းအဝေးများ၌
လည်းကောင်း၊ မတိုင်ပင်အပ်ချေ။ တိုင်ပင်လျှင်လည်း
အကျိုး ပျက်စီးမည် ဖြစ်သည်။
ပညာ (၅) မျိုး
၆၂။ ပညာရှိအမတ်ဟူ၍ သူတို့၏ ထင်ရှားသည့် ပညာ
ဆရာဝန်ကောင်းသည် ရောဂါကို ကု၏။
အမတ်ကောင်းသည် တိုင်းပြည်ကို ကု၏
စကားကောင်းသည် စိတ်ဓာတ်ကို ကု၏။
22 | လွှတ်တော်အမတ် မင်းသေ့
၅ မျိုးရှိသည်။
(က) ဆင်ခြင်မြော်မြင်သော ပညာရှိခြင်း
(ခ) မချို့တဲ့သော ပညာရှိခြင်း
(ဂ) အလုပ် အစီအရင်၌ လိမ္မာသော ပညာရှိခြင်း
(ဃ) အခါကို သိသော ပညာရှိခြင်း
(င) အခွင့်ကို သိသော ပညာရှိခြင်း
ဤပညာ ၅ မျိုးနှင့် ပြည့်စုံသောသူသည် နိုင်ငံတော် အစည်းအဝေးများ၌ ပါဝင်သင့်သည်။

Member of Parliment for Burma Representative (Burmese)

  • 1.
  • 2.
    2 | လွှတ်တော်အမတ်မင်းသေ့ လွှတ်တော် အမတ် ဒီစာတမ်းကို ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာတဲ့ လွှတ်တော်ရောက် ပြည်သူ့ကိုယ်စားလှယ်အမတ်မင်းများအတွက် နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် စီမံ ခန့်ခွဲနိုင်စေရန် ရည်ရွယ်၍ ပြုစုရေးသားပါသည်။ ဘယ်သူအုပ်ချုပ်တယ်ဆိုတာအရေးမကြီးဘူး။ ဘယ်လိုအုပ်ချုပ်တယ်ဆိုတာ အရေးကြီးတယ်။ နိဒါန်း မြန်မာနိုင်ငံဟာ တော်လှန်ရေးချည်းပဲ လုပ်နေရလို့ နိုင်ငံတည်ဆောက်ရေးကို ဦးမတည်နိုင်ခဲ့တာကြာလှပြီ။ ဗြိတိသျှကို တော်လှန်ရ၊ ဂျပန်ကိုတော်လှန်ရ၊ အချောင်သမားဝါဒကို တိုက်ထုတ်ရ၊ ဆိုရှယ်လစ်စနစ်ဆိုးကို တော်လှန်ရ၊ စစ်အာဏာရှင်ကို ပုန်ကန်ရနဲ့ တည်ဆောက်ရေးဆိုတာ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာကြာခဲ့ပြီ။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အသွင်ကူးပြောင်းကြမယ်လို့ ဆိုပြီး ဖွင့်သင့်တာဖွင့်၊ ဖြေလျော့သင့်တာ လျော့ လုပ်ခဲ့ကြတယ်။ ဒီမှာလည်း ကြွင်းကျန်ရစ်တဲ့ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်မယ်ဆိုပြီး လုပ်ခဲ့တာ တော်လှန်ရေးက ဆက်ပြီး ရှည်လာနေတယ်။ တည်ဆောက်ရေးက စရမလို၊ မစရမလိုနဲ့ ဖြစ်နေခဲ့ပြန်တယ်။ နိုင်ငံ့လွတ်လပ်ရေးနဲ့ ဖွားဖက်တော်က ပြည်တွင်းစစ်။ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာလည်း အဓိကလုပ်ခဲ့ ရတာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး1 ။ ပြည်တွင်းငြိမ်းချမ်းရေးလို့ ခေါ်ရင်ရပါတယ်။ နောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ အစိုးရဖြစ်တည်ရေး။ ဒီရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် ပြည်သူ့ထောက်ခံ မှု လိုတယ်။ ဒါမှ တရားဝင်မှု ဒီဂရီဟာ တက်မှာဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ဝိဝါဒ ကွဲကြတာ တစ်ခုရှိတယ်။ ဘယ်နည်းနဲ့ လွတ်လပ်ရေးကို ရအောင်လုပ် ကြမလဲဆိုတဲ့ ကိစ္စ။ စစ်ရေးနည်းလား၊ နိုင်ငံရေးနည်းလား။ တပ်ပေါင်းစုအသွင်နဲ့စုပေါင်းပြီး စစ်ရေးနည်းကို ရွေး ချယ်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးကာလမှာကြတော့ ဘယ်စနစ်၊ ဘယ်မူ၊ ဘယ်ဝါဒနဲ့သွားမလဲ ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဝိဝါဒ ကွဲကြပြန်ရော။ ဒီလိုနဲ့ ဖဆပလလည်း ကွဲတယ်။ အိုင်ဒီယော်လိုဂျီ စွဲကိုင်ချက်တွေနဲ့ နိုင်ငံရေးသမားတွေက တပ် 1 National Reconciliation
  • 3.
    3 | လွှတ်တော်အမတ်မင်းသေ့ အတွင်းကို ကိုယ်တွေ ယုံကြည်တဲ့ ဝါဒတွေ သွတ်သွင်းကြတယ်။ နောက်တော့ တပ်ရင်းအလိုက်တောခိုသွားကြ တယ်။ တပ်မတော် ပြိုကွဲမှုကနေတစ်ဆင့် နိုင်ငံတော် ကစဉ်ကလျားဖြစ်မှုကို ဦးတည်ခဲ့တယ်။ ၁၉၆၂ တော်လှန်ရေးကောင်စီတက်ပြီး ဘယ်စနစ်နဲ့သွားမလဲဆိုတာကို ကြံဆကြရင်း ဆိုရှယ်လစ်ကို ရွေးခဲ့ တယ်။ တကယ်တော့ ဦးနေဝင်းကိုယ်တိုင်က ဆိုရှယ်လစ်သမားမဟုတ်ဘူး။ ဆိုရှယ်လစ်ကို ယုံကြည်သက်ဝင် သူ မဟုတ်ခဲ့ဘူး။ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်ပြီး လုပ်ကိုင်တတ်တဲ့ Pragmatic သမားတစ်ယောက်သာ ဖြစ်တယ်။ Realist သမား တစ်ယောက်သာဖြစ်တယ်။ ၁၉၇၄ မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တရားဝင် ကြေ ညာပြီးတဲ့ အချိန်မှာ ဆိုရှယ်လစ် နည်းနာတွေကို အပီအပြင် အကောင်အထည်ဖော်ကြတယ်။ အထွေထွေစီးပွားရေး ချွတ်ခြုံကျမှုကို ၁၉၈၇ ငွေကြေး ဖျက်သိမ်းမှုက မီးမွှေးပေးလိုက်တယ်။ လူထုအုံကြွမှုကြီး အကြီးအကျယ်ဖြစ်တယ်။ သူဌေးရော၊ ခွေးရော လမ်းပေါ်ထွက်လာကြတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံရေး အပြောင်း အလဲတွေ တော်တော်များများဟာ စီးပွားရေးရေချိန်အပေါ် အခြေခံပြီး ထွက်ပေါ်လာကြတာများတယ်။ ဆိုရှယ် လစ်စနစ် ကျဆုံးခြင်းက နိုင်ငံ့စီးပွားရေး ပျက်သုဉ်းခြင်းကို ဖြစ်စေခဲ့တယ်။ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျခြင်းက အထွေထွေ လူထုအုံကြွမှုကို ပေါ်ပေါက်စေခဲ့တယ်။ အကြွင်းမဲ့ လူထုအုံကြွမှုက အစိုးရအပြောင်းအလဲကို ဖြစ်စေ ခဲ့တယ်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ လူထုက အစိုးရအပြောင်းအလဲဖြစ်ပြီးရော ဆိုပြီး ပါတီ အလံ တစ်ခုတည်းကို စုပြုံပြီး မဲပေးခဲ့တယ်။ ဒီပါတီက အောင်စုတင်လို့ခေါ်တဲ့ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့ စုစည်းဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်တယ်။ အဲ့ဒီမှာ တောင်ပြိုကမ်းပြို ထောက်ခံမဲကို ရခဲ့ကြတယ်။ တကယ်တော့ နိုင်ငံရေးအာဏာကို မရခဲ့ကြဘူး။ ဒီလိုနဲ့ အာဏာသိမ်းအစိုးရနဲ့ အတိုက်အခံတို့ လွန်ဆွဲပွဲတွေ ဖြစ်လာကြတယ်။ စစ်အစိုးရက နိုင်ငံတော်ရဲ့ အခြေခံစီးပွားရေးတွေကို ဖွင့်ပေးပြီး အတိုက်အခံတို့ကို လူထုနဲ့ ကင်းကွာအောင် လုပ်ခဲ့တယ်။ တော်လှန်ရေးက ရှည်ကြာလာတဲ့ အခါ လူထုကိုယ်တိုင်က သွေးအေးသွားတယ်။ ဒီလိုနဲ့ နှစ်နှစ်ဆယ်ကျော် စစ်အစိုးရအောက်မှာ ရောက်ခဲ့ပြန်တယ်။ အချို့ကလည်း စစ်ရေးနည်းနဲ့တိုက်ဖို့အတွက် တောခိုကြတယ်။ နယ်စပ်ဒေသတွေကို ရောက်တယ်။ လူမျိုးစု လက်နက်ကိုင်တွေ နဲ့ ပေါင်းပြီး တော်လှန်ရေးကို ဆက်လုပ်ကြတယ်။ နိုင်ငံတကာအကူအညီတွေရယူပြီး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တွန်းအားပေးတဲ့ ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေလည်း ရှိကြတယ်။ ပြည် တွင်းမှာလည်း ကြိတ်ဝိုင်းတွေ ဖွဲ့ပြီး နိုင်သလောက် တော်လှန်ရေး လုပ်ခဲ့ကြတယ်။ ထောင်ကျတဲ့သူတွေလည်း ကျ။ အနှိပ်စက်ခံပြီး ဘဝနိဂုံးချုပ်သွားတဲ့ လူတွေလည်း ရှိတယ်။ တော်လှန်ရေးကို လက်လွှတ်လိုက်ပြီး နိုင်ငံရေး နဲ့ ဝေးဝေးနေတဲ့သူတွေလည်း ရှိတယ်။
  • 4.
    4 | လွှတ်တော်အမတ်မင်းသေ့ ၂၀၁၀ ရွေးကောက်ပွဲကို (မဲ မပေးကြေး)2 ဆိုပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့လုပ်တယ်။ ရွေးကောက်ပွဲက တရားဝင်ဖြစ်သွားတယ်။ အတိုက်အခံတို့ မအောင်မြင်လိုက်ဘူး။ ဒါပေမယ့် ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၅ နေရာ ပြိုင်တဲ့နေရာမှာ ၄၃ နေရာ အနိုင်ရတယ်။ ၂၀၁၀ ရွေး ကောက်ပွဲကနေတက်လာတဲ့ အစိုးရသစ်ကို တရားဝင်မှု ပေးမယ်/မပေးဘူးလို့ ဒွိဟဖြစ်နေတဲ့ နိုင်ငံတွေ ပြတ် ပြတ်သားသား ဆုံးဖြတ်ရမယ့် အချက်တစ်ခုဖြစ်သွားခဲ့တယ်။ အတိုက်အခံတို့က လက်ရှိ နိုင်ငံရေး ရေစီးကို ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီ့နောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရလည်း နိုင်ငံတကာအသိအမှတ်ပြုမှု3 နဲ့ တရားဝင်ဖြစ်မှု4 ပိုမြင့်လာတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံရေးပွင့်လင်းမှုကို စီးပွားရေး ပြုပြင်ပြောင်းလဲရေးထက် ပိုပြီး လုပ်ခဲ့တယ်။ စီးပွား ရေးပြုပြင်ပြောင်းလဲမှုမှာ ကားကိစ္စ၊ လောင်စာဆီကိစ္စ၊ ဘဏ်ကိစ္စ၊ ငွေကြေးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ (တယ်လီဖုန်းဆက်သွယ်ရေး) စတဲ့ ကိစ္စရပ်တွေကို သိသိသာသာပြောင်းလဲနိုင်ခဲ့တယ်။ ဒါပေမယ့် ကားကိစ္စနဲ့ ငွေကြေးကိစ္စတို့မှာ မူဝါဒ ပြဿနာ ထပ်တိုးတွေ ပေါ်ပေါက်လာတယ်။ ဥပမာ - ရန်ကုန်မြို့၌ အလွန်အမင်း ကားလမ်းကြပ်မှုကိစ္စနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကိစ္စ၊ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ဒေါ်လာဈေး တစ်ဒေါ်လာ ၁၂၈၀ ကျပ်အထိ ဖြစ်လာတယ်။ ၂၀၁၀ ကစပြီး ၂၀၁၅ ခုနှစ်အထိ (၅ နှစ်အတွင်း) ၃၀ ရာခိုင်နှုန်း နီးပါး ငွေကြေး ဖောင်းပွလာတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ သိသိသာသာ မပြောင်းလဲနိုင်တဲ့ ကိစ္စရပ်တွေ အများကြီး ရှိနေသေးပါတယ်။ ဒါပေမယ့် အကြီးမားဆုံးသော မပြောင်းလဲနိုင်တဲ့ ကိစ္စရပ်ကတော့ ဗြူရိုကရေစီ ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်ပါ တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးနေဝင်း အစိုးရရဲ့ ဆိုရှယ်လစ် စနစ်ဆိုးကို အမွေရခဲ့တယ်။ ဦးသိန်းစိန် အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်ဘက်အရာရှိကြီးများရဲ့ခြစားမှု အမွေကို ရခဲ့တယ်။ စစ်ဘက်အရာရှိကြီး များရဲ့ ခြစားမှုဆိုတာ စီးပွားရေးမှာ ခရိုနီတွေနဲ့ စစ်ဘက်က ဘဏ္ဍာငွေရရှိရန် အလို့ငှာ လုပ်ဆောင်တဲ့ စစ်တပ် စီးပွားရေး လုပ်ငန်းတွေရဲ့ ဆိုးကျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတော့ သမိုင်းကို ကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ သမိုင်းအဖြစ်အပျက်တော်တော်များများကို ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့တယ်။ ပုံစံအမျိုးမျိုးဖြစ်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ကြုံတွေ့ရတယ်။ အထူးသဖြင့် ဦးသန်းရွှေဟာ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံတွေကို အဓိကထားပြီး တည်ဆောက်ခဲ့တယ်။ ဆက် လက်ပြီး အခြေခံအဆောက်အအုံတွေရဲ့ အဆင့်မှီမှုနဲ့ အရေအတွက်အားဖြင့် လိုအပ်ချက်တွေ ရှိနေဆဲပဲ ဖြစ်ပါ တယ်။ ဒီလိုပဲ အခု အစိုးရအသစ်ဖြစ်လာမယ့် သူတွေမှာ တာဝန်ရှိတာက နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ အပေါ်ထပ် အဆောက်အအုံနဲ့ အခြေခံအဆောက်အအုံတွေကို အရေအတွက် အားဖြင့်ရော၊ အရေအသွေးအားဖြင့်ရော ဖြည့်ဆည်းဖို့ တာဝန်ရှိကြောင်း အသိပေးအပ်ပါသည်။ 2 No Vote 3 International Recognition 4 Legitimacy
  • 5.
    5 | လွှတ်တော်အမတ်မင်းသေ့ စီးပွားရေးနားမလည်ပဲ နိုင်ငံရေး လုပ်လို့ မရဘူး။ လီကွမ်ယု ၁။ ရွေးကောက်ပွဲအပြီး တက်လာမည့် လွှတ်တော်အမတ်များအနေဖြင့် သိရမည့် အရာများရှိသည်။ လုပ်ရမည့် အရာများရှိသည်။ ပြန်လည်ဆန်းစစ်ရမည့် အရာများရှိသည်။ ပြုပြင်ပြောင်းလဲရမည့် အရာများရှိသည်။ အသစ် တည်ဆောက်ရမည့် အရာများရှိသည်။ ထိုအရာပေါင်းများစွာကို အဓိက ခွဲခြားသော် အပျော့ထည်ပိုင်း5 နှင့် အမာထည်ပိုင်6း ဟူ၍ ခွဲခြားရမည်။ ထိုအပိုင်းများတွင် လက်တလော ဖြေရှင်း၍ ရနိုင်သည့် အပိုင်းများပါဝင် သလို ယခု အုပ်ချုပ်မှု သက်တမ်းကာလအတွင်း၌ပင် ပြေလည်နိုင်သည့် အရာများရှိသည်။ ထို့အတူ နောင် တက်လာမည့် ၂၀၂၀ ခုနှစ်အလွန် အစိုးရသစ်အတွက် ရေခံမြေခံကောင်းများ ဖန်တီးပေးနိုင်သည့် အရာများ လည်း ရှိသည်။ အစိုးရအဆက်ဆက် တာဝန်ယူ ဖြေရှင်းလုပ်ဆောင်ရမည့် အရာများလည်း ရှိသည်။ ထို့ကြောင့် ပြည်သူ့အကျိုးကို သယ်ပိုးမည့် လွှတ်တော် အမတ်များ သိစေရန် အရေးကြီးသည်။ ၂။ နိုင်ငံရေးတာဝန်၏ အခြေခံ အချက်မှာ ပြည်သူများ၏ စား ဝတ်နေရေး အဆင်ပြေ ချောမွေ့ စေရန်ဖြစ်သည်။ စားဝတ်နေရေး အဆင်ပြေရုံဖြင့် မလုံလောက် သောအခါ အရည်အသွေးပြည့်မှီ သော စားသောက်နေထိုင်ဝတ် စားမှု ပုံစံ ဖြစ်စေရန် ဖြည့်ဆည်း ပေးခြင်းဖြစ်သည်။ နောက်ဆုံး လူနေမှု အဆင့်အတန်း အမြင့် မားဆုံးဖြစ်အောင် ပို့ဆောင်ပေး ရေးဖြစ်သည်။ ၃။ မြန်မာနိုင်ငံအနေဖြင့် ပထမ ဆုံး လုပ်ရမည့် ယေဘုယျအလုပ် မှာ - ဆင်းရဲမွဲတေမှု လျော့ချရေး7 ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ၌ ဆင်းရဲမွဲတေမှု အမြင့်ဆုံးဖြစ်သည့် မြန်မာနိုင်ငံအဖို့ အစိုးရအဆက်ဆက်က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အစဉ်လုပ်ဆောင်နေရမည်ဖြစ်သည်။ 5 Software Sector 6 Hardware Sector 7 Poverty Reduction အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ခြင်းက ပြည်တွင်း ထုတ်လုပ်မှု တန်ဖိုးမြင့်မားစေခြင်းလား၊ သို့တည်းမဟုတ် အလုပ်သမား အခွင့်အရေးလား၊ အမှန်တကယ်ရော အလုပ်သမားနှင့် အလုပ်ရှင်အကြား အကျိုးကျေးဇူး ဖြစ်ထွန်းပါရဲ့လား…..
  • 6.
    6 | လွှတ်တော်အမတ်မင်းသေ့ ထို့ကြောင့် ရွေးကောက်ပွဲ၌ ပြည်သူ့အရွေးချယ်ခံပုဂ္ဂိုလ်များအနေဖြင့် ဆင်းရဲမှု သံသရာကို ချိုးဖျက်ရန် တာဝန် ရှိသည်။ ဆင်းရဲမှုသံသရာ (စက်ဝန်း) ကို ချိုးဖျက်ရန် အဓိကကျသော အချက်မှာ - ဆင်းရဲခြင်း၏ အကြောင်း8 ကို သိရန် လိုသည်။ သိရုံဖြင့် မလုံလောက်၊ ခြေခြေမြစ်မြစ်နားလည်၍ ဆင်းရဲမှုမှ ရုန်းထွက်နိုင်အောင် ကူညီ ထောက်ပံ့ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ၄။ အောက်စ်ဖို့တက္ကသိုလ်မှ ဘောဂဗေဒပါမောက္ခ ပေါကော် လီယာ9 ရေးသားသော အောက်ခြေသန်း တစ်ထောင်10 စာအုပ်၌ နိုင်ငံများဆင်းရဲရခြင်း အကြောင်း (၄) ပါးကို ဖော်ပြ ထားသည်။ (၁) ပဋိပက္ခထောင်ချောက် (၂) သဘာဝသယံဇာတ ထောင်ချောက် (၃) အိမ်နီးချင်းဆိုးများနှင့် ကုန်းတွင်းပိတ် နိုင်ငံဖြစ် ရခြင်း ထောင်ချောက် (၄) နိုင်ငံငယ်ငယ်၊ အုပ်ချုပ်မှု ညံ့ညံ့ ထောင်ချောက် ဟူသော ထောင်ချောက် (၄) မျိုးတွင် ကျရောက်နေခြင်း ကြောင့်ဟု မှတ်ချက်ပြုသည်။ ၅။ မြန်မာ့လွတ်လပ်ရေးနှင့် ဖွားဖက်တော်မှာ ပြည်တွင်းစစ် ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့အပြင် ယခု အသွင်ကူးပြောင်းရေး ကာလ၌ ဘာသာရေး/ လူမျိုးရေး အဓိကရုဏ်းများသည် ပဋိပက္ခကို ရှည်ကြာစေသောအချက်များဖြစ်သည်။ နိုင်ငံရေး အရ၊ လူမျိုးရေးအရ မတည်ငြိမ်သည့် နိုင်ငံကို မည်သည့် နိုင်ငံ ကမျှ ရင်းနှီးမြုပ်နှံချင်လိမ့်မည် မဟုတ်ဆိုသည့် အချက်ကို သတိပြုရမည်။ ၆။ စစ်အစိုးရသည် ပြည်သူ့အခွန်အပေါ် မှီခိုတည်ဆောက်ထားသည့် အစိုးရတစ်ရပ်မဟုတ်ဘဲ သဘာဝသယံ ဇာတအပေါ် အမှီပြု၍ အုပ်ချုပ်သော အစိုးရဖြစ်သည့် အတွက် သဘာဝသယံဇာတပေါကြွယ်ဝခြင်းကပင် အာဏာရှင်စနစ် တည်မြဲအောင် ကျေးဇူးပြုပေးခြင်း မည်နေပေသည်။ သယံဇာတခွဲဝေမှု စနစ်သည် တစ်ဖက် စောင်းနင်းဖြစ်နေခြင်းကပင် ပြည်တွင်းငြိမ်းချမ်းရေးကို မငြိမ်းသက်နိုင်အောင် ရှိနေသည်ကို သတိချပ်ရမည်။ 8 Cause of Poverty 9 Paul Collier 10 The Bottom Billion (Why the poorest countries are failing and what can be done about it) Poverty trap 1) landlocked with bad Neighbors 2) Abundant Natural Resources 3) Bad Governance 4) Civil Wars
  • 7.
    7 | လွှတ်တော်အမတ်မင်းသေ့ ၇။ မြန်မာနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခု မဟုတ်။ ထို့ကြောင့် ပင်လယ်ရေကြောင်းအရ အားသာချက်များ များစွာ ရှိသည်။ သို့သော် ထိုအခွင့်အလမ်းများကို အသုံးချရန် မြန်မာတို့ များစွာ မစွမ်းဆောင်နိုင်ခဲ့ချေ။ မြန်မာ့ ပင်လယ်ပြင်ကို ငါးဖမ်းခြင်း စသည့် ရေထွက်ကုန်ထုတ်လုပ်ခြင်းမှအပ ပို၍ အသုံးမချနိုင်ခဲ့ချေ။ စင်္ကာပူသည် သူ၏ မဟာဗျူဟာမြောက် ရေကြောင်းအချက်အခြာအဖြစ် တည်ရှိမှုကို စနစ်တကျ အသုံးချနိုင်ခဲ့၍ အာရှကျား တစ်ကောင်ဖြစ်နေဆဲ ဖြစ်သည်။ တရုတ်ပြည်၏ လွှမ်းမိုးမှုသည် မြန်မာအစိုးရအပေါ် အစဉ်အဆက် ကြာညောင်း ခဲ့သည်။ ၈၈ အရေးအခင်းကာလနောက်ပိုင်း ပိတ်ဆို့အရေးယူမှုများ ပြင်းထန်ခြင်းသည်လည်း တရုတ်နှင့် မြန်မာ အစိုးရတို့ ပိုမို အနေနီးခြင်း၏ အကြောင်းတရားဖြစ်သည်။ တရုတ်သည် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး သည့် နိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံ့အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံရေးကဏ္ဍ၌ တင်းကျပ်သော ဗဟိုချုပ်ကိုင်မှု စနစ် ကို ကျင့်သုံးသည်။ အိုင်ဒီယော်လိုဂျီအရ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်နေဆဲလည်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ် ရှိနေသည်။ ၈။ မြန်မာသည် အိန္ဒိယထက် တရုတ်နှင့် ပိုမို အနေနီးခဲ့သည်။ တရုတ်ဩဇာသည် စစ်ရေးနှင့် စီးပွားရေးနယ် ပယ်များတွင် မြန်မာအပေါ် အတော်လွှမ်းမိုးသည်။ အိန္ဒိယနှင့် တရုတ်ယှဉ်သော် အိန္ဒိယသည် တရုတ်လောက် ချမ်းသာကြွယ်ဝမှု မရှိ။ ထို့အပြင် အိန္ဒိယနှင့် မြန်မာအကြား စီးပွားရေးအရ ဆက်ဆံရေးသည် ကျယ်ပြန့်မှု နိမ့် သည်။ ထိုသို့သော အကြောင်းများကပင် အာဏာရှင် အိမ်နီးချင်း၏ အရိပ်သည် အတော်နှင့် ဖျက်၍ မရခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော်ကို စီမံခန့်ခွဲသူများအဖို့ မိတ်ကောင်း၊ ဆွေကောင်းများနှင့် နီးကပ်စွာ အကျိုး တူ မိတ်ဖက် ဆက်ဆံနိုင်လေလေ၊ နိုင်ငံတိုးတက်ဖို့ အခွင့်အလမ်းကောင်းလေလေဖြစ်သည်။ ၉။ ထိုအချက်သည် နိုင်ငံတကာဆက်ဆံရေးနှင့် သံခင်းတမန်ခင်းကို ခိုင်မာ၍ ကျစ်လစ်သော မဟာဗျူဟာမိတ် ဖက်များနှင့် လက်တွဲနိုင်ရေးသည် အရေးကြီးသည်။ နိုင်ငံ့စီမံခန့်ခွဲသူများအဖို့ နိုင်ငံတကာ လက်တံ ရှည်ရန် အရေးကြီးသည်။ သံတမန် စွမ်းရည်များ ကိန်းဝပ်နေရမည်။ သိမ်မွေ့သော နိုင်ငံခြားရေးမဟာဗျူဟာ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိရမည်။ အနာဂတ်ကို ကြိုမြင်နိုင်သော နိုင်ငံရေး အမြော်အမြင် ရင့် သန်ရမည်။ ၁၀။ နိုင်ငံရေးဟူသည် အုပ်ချုပ်မှု အနုပညာ11 ဟု ဆိုနိုင်က ဆိုနိုင်သည်။ အုပ်ချုပ်ရေးအတတ်နှင့် စီမံခန့်ခွဲမှု အတတ်ကို မကျွမ်းကျင်ပဲနှင့် နိုင်ငံ့ခေါင်းဆောင် ဖြစ်၍ မရ။ ဖြစ်ချင်၍ မရ။ လွှတ်တော်အမတ်များသည် ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကို ပြုစုချမှတ်သူများဖြစ်သည်။ ထို့အပြင် နိုင်ငံတော်၏ မူဝါဒများကို ဆုံးဖြတ်ချက်ချ မှတ်ရသူဖြစ်သည်။ မူဝါဒများကို ရွေးချယ်ရသူလည်း ဖြစ်သည်။ ထိုမျှမက မူဝါဒများကို အကောင်အထည်ဖော် ရန်အတွက် ဗြူရိုကရေစီယန္တရားကို မောင်းနှင်ရန် တာဝန်ရှိသေးသည်။ ဗြူရိုကရေစီက မူဝါဒ အကောင် အထည်ဖော်ခြင်းကို တာဝန်ယူ၍ လွှတ်တော်အမတ်များနှင့် အစိုးရအဖွဲ့က မူဝါဒအပေါ် အလုံးစုံ တာဝန်ခံရ သည်။ အစိုးရသည် မူဝါဒကို တာဝန်ခံသူဖြစ်ပြီး၊ ဗြူရိုကရေစီသည် မူဝါဒကို အကောင်အထည်ဖော်သူဖြစ်သည်။ 11 Politics is the art of government
  • 8.
    8 | လွှတ်တော်အမတ်မင်းသေ့ ၁၁။ တဖန် လွှတ်တော်တွင် အတည်ပြု ချမှတ်လိုက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသက်ဝင် အောင်လုပ်ရသည်။ ထို့နောက် ပြန်လည် ဆန်းစစ်သုံးသပ်ရသည်။ အသစ်လိုအပ်သည်များကို ပြုစုရသည်။ ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ရသည်။ ၁၂။ အနှစ်ချုပ်လိုက်လျှင် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် - (က) အုပ်ချုပ်မှုနည်းနာနှင့် စီမံခန့်ခွဲမှု နည်းနာကို တတ်ကျွမ်းနားလည်ရမည်။ (ခ) ဥပဒေများကို ပြဌာန်းခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း၊ သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။ (ဂ) မူဝါဒနှင့် လုပ်ငန်းစဉ်၊ စီမံကိန်း၊ မဟာဗျူဟာများကို ဆုံးဖြတ်နိုင်ရမည်/ ဝေဖန်ဆန်းစစ်နိုင်ရမည်။ (ဃ) သံတမန်အရည်အသွေးရှိရမည်။ (င) ဗြူရိုကရေစီယန္တယား၏ သဘောသဘာဝနှင့် ဖြစ်စဉ်ကို နားလည်ရမည်။ (စ) ပြည်သူထဲ၌ ဖြစ်ပျက်နေသော အရှိတရားကို ကြည့်မြင်တတ်ရမည်။ (ဆ) လိုရင်းသော့ချက်ကျသော ပြဿနာများကို ဆန်းစစ်၊ သုံးသပ်၊ ရွေးချယ်တတ်ရမည်။ သို့မှသာ လွှတ်တော်ထဲ၌ နိုင်ငံတည်ဆောက်ရေးသမား/ နိုင်ငံပြုသုခမိန်များ12 ဖြင့် အသက်ဝင်လာမည် ဖြစ်သည်။ ၁၃။ ဆင်းရဲမွဲတေမှုကား ကြောက်စရာကောင်း လှသည်။ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲသူများအဖို့ နံပါတ် (၁) ပြည်သူအား ဆင်းရဲတွင်း က ကယ်ထုတ်ရမည်။ နံပါတ် (၂) ပြည်သူ သက်သာချောင် လည် အောင်လုပ်ပေးရမည်။ နံပါတ် (၃) ပြည်သူ ချမ်းသာအောင် လုပ်ပေးရမည်။ နံပါတ် (၄) ပြည်သူက လူ့ဘဝတန်ဖိုး နှင့် လူ့ဘဝအဓိပ္ပာယ်ကို ဖန်တီးနိုင် အောင် ပြုပြင်စီရင်ပေးရမည်။ ထိုအရာများကို လုပ်နိုင်ရန် ဆင်းရဲမှု သံသရာ ကို သိရမည်။ နားလည်ရမည်။ ဆင်းရဲခြင်း၏ ဇာတ်မြစ်ကို သိရမည်။ ပြည်သူ့ကို ဆင်းရဲခြင်း လွတ်ကင်းစေချင် သော စိတ်ဆန္ဒပြင်းပြထက်သန်စွာ ရှိပါမှ နိုင်ငံရေးအာဏာကို မျှော်မှန်းသင့်သည်။ 12 Statesman/ Statesmanship 8 | လွှတ်တော်အမတ် မင်းသေ့ ၁၁။ တဖန် လွှတ်တော်တွင် အတည်ပြု ချမှတ်လိုက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသက်ဝင် အောင်လုပ်ရသည်။ ထို့နောက် ပြန်လည် ဆန်းစစ်သုံးသပ်ရသည်။ အသစ်လိုအပ်သည်များကို ပြုစုရသည်။ ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ရသည်။ ၁၂။ အနှစ်ချုပ်လိုက်လျှင် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် - (က) အုပ်ချုပ်မှုနည်းနာနှင့် စီမံခန့်ခွဲမှု နည်းနာကို တတ်ကျွမ်းနားလည်ရမည်။ (ခ) ဥပဒေများကို ပြဌာန်းခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း၊ သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။ (ဂ) မူဝါဒနှင့် လုပ်ငန်းစဉ်၊ စီမံကိန်း၊ မဟာဗျူဟာများကို ဆုံးဖြတ်နိုင်ရမည်/ ဝေဖန်ဆန်းစစ်နိုင်ရမည်။ (ဃ) သံတမန်အရည်အသွေးရှိရမည်။ (င) ဗြူရိုကရေစီယန္တယား၏ သဘောသဘာဝနှင့် ဖြစ်စဉ်ကို နားလည်ရမည်။ (စ) ပြည်သူထဲ၌ ဖြစ်ပျက်နေသော အရှိတရားကို ကြည့်မြင်တတ်ရမည်။ (ဆ) လိုရင်းသော့ချက်ကျသော ပြဿနာများကို ဆန်းစစ်၊ သုံးသပ်၊ ရွေးချယ်တတ်ရမည်။ သို့မှသာ လွှတ်တော်ထဲ၌ နိုင်ငံတည်ဆောက်ရေးသမား/ နိုင်ငံပြုသုခမိန်များ12 ဖြင့် အသက်ဝင်လာမည် ဖြစ်သည်။ ၁၃။ ဆင်းရဲမွဲတေမှုကား ကြောက်စရာကောင်း လှသည်။ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲသူများအဖို့ နံပါတ် (၁) ပြည်သူအား ဆင်းရဲတွင်း က ကယ်ထုတ်ရမည်။ နံပါတ် (၂) ပြည်သူ သက်သာချောင် လည် အောင်လုပ်ပေးရမည်။ နံပါတ် (၃) ပြည်သူ ချမ်းသာအောင် လုပ်ပေးရမည်။ နံပါတ် (၄) ပြည်သူက လူ့ဘဝတန်ဖိုး နှင့် လူ့ဘဝအဓိပ္ပာယ်ကို ဖန်တီးနိုင် အောင် ပြုပြင်စီရင်ပေးရမည်။ ထိုအရာများကို လုပ်နိုင်ရန် ဆင်းရဲမှု သံသရာ ကို သိရမည်။ နားလည်ရမည်။ ဆင်းရဲခြင်း၏ ဇာတ်မြစ်ကို သိရမည်။ ပြည်သူ့ကို ဆင်းရဲခြင်း လွတ်ကင်းစေချင် သော စိတ်ဆန္ဒပြင်းပြထက်သန်စွာ ရှိပါမှ နိုင်ငံရေးအာဏာကို မျှော်မှန်းသင့်သည်။ 12 Statesman/ Statesmanship 8 | လွှတ်တော်အမတ် မင်းသေ့ ၁၁။ တဖန် လွှတ်တော်တွင် အတည်ပြု ချမှတ်လိုက်သော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အသက်ဝင် အောင်လုပ်ရသည်။ ထို့နောက် ပြန်လည် ဆန်းစစ်သုံးသပ်ရသည်။ အသစ်လိုအပ်သည်များကို ပြုစုရသည်။ ခေတ်စနစ်နှင့် မလျော်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ရသည်။ ၁၂။ အနှစ်ချုပ်လိုက်လျှင် လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် - (က) အုပ်ချုပ်မှုနည်းနာနှင့် စီမံခန့်ခွဲမှု နည်းနာကို တတ်ကျွမ်းနားလည်ရမည်။ (ခ) ဥပဒေများကို ပြဌာန်းခြင်း၊ အဓိပ္ပာယ်ဖော်ခြင်း၊ သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ရမည်။ (ဂ) မူဝါဒနှင့် လုပ်ငန်းစဉ်၊ စီမံကိန်း၊ မဟာဗျူဟာများကို ဆုံးဖြတ်နိုင်ရမည်/ ဝေဖန်ဆန်းစစ်နိုင်ရမည်။ (ဃ) သံတမန်အရည်အသွေးရှိရမည်။ (င) ဗြူရိုကရေစီယန္တယား၏ သဘောသဘာဝနှင့် ဖြစ်စဉ်ကို နားလည်ရမည်။ (စ) ပြည်သူထဲ၌ ဖြစ်ပျက်နေသော အရှိတရားကို ကြည့်မြင်တတ်ရမည်။ (ဆ) လိုရင်းသော့ချက်ကျသော ပြဿနာများကို ဆန်းစစ်၊ သုံးသပ်၊ ရွေးချယ်တတ်ရမည်။ သို့မှသာ လွှတ်တော်ထဲ၌ နိုင်ငံတည်ဆောက်ရေးသမား/ နိုင်ငံပြုသုခမိန်များ12 ဖြင့် အသက်ဝင်လာမည် ဖြစ်သည်။ ၁၃။ ဆင်းရဲမွဲတေမှုကား ကြောက်စရာကောင်း လှသည်။ နိုင်ငံအုပ်ချုပ်စီမံခန့်ခွဲသူများအဖို့ နံပါတ် (၁) ပြည်သူအား ဆင်းရဲတွင်း က ကယ်ထုတ်ရမည်။ နံပါတ် (၂) ပြည်သူ သက်သာချောင် လည် အောင်လုပ်ပေးရမည်။ နံပါတ် (၃) ပြည်သူ ချမ်းသာအောင် လုပ်ပေးရမည်။ နံပါတ် (၄) ပြည်သူက လူ့ဘဝတန်ဖိုး နှင့် လူ့ဘဝအဓိပ္ပာယ်ကို ဖန်တီးနိုင် အောင် ပြုပြင်စီရင်ပေးရမည်။ ထိုအရာများကို လုပ်နိုင်ရန် ဆင်းရဲမှု သံသရာ ကို သိရမည်။ နားလည်ရမည်။ ဆင်းရဲခြင်း၏ ဇာတ်မြစ်ကို သိရမည်။ ပြည်သူ့ကို ဆင်းရဲခြင်း လွတ်ကင်းစေချင် သော စိတ်ဆန္ဒပြင်းပြထက်သန်စွာ ရှိပါမှ နိုင်ငံရေးအာဏာကို မျှော်မှန်းသင့်သည်။ 12 Statesman/ Statesmanship
  • 9.
    9 | လွှတ်တော်အမတ်မင်းသေ့ ၁၄။ ဖွံ့ဖြိုးမှုဗေဒတွင် ဆင်းရဲမှုသံသရာစက်ဝန်း13 ဆိုတာ ရှိသည်။ ဆင်းရဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာကို ဘောဂဗေဒရှုထောင့်က လေ့လာထားခြင်းဖြစ်သည်။ ဘာကြောင့် ဆင်းရဲရသလဲ။ ဝင်ငွေနိမ့်၍ ဆင်းရဲရခြင်း ဖြစ် သည်။ ဝင်ငွေနိမ့်တော့ ငွေမစုနိုင်။ ငွေမစုနိုင်တော့ ရင်းနှီးမြုပ်နှံမှု မပြုနိုင်။ ပြန်လည် မမြုပ်နိုင်တော့ စီးပွားရေး ဖွံ့ဖြိုးမတိုးတက်။ စီးပွားရေး မတိုးတက်တော့ နိုင်ငံ့အသားတင် ဝင်ငွေ နိမ့်။ နိုင်ငံ့ဝင်ငွေ နိမ့်တော့ ထုတ်လုပ်မှု စွမ်းအားကျ။ ထုတ်လုပ်မှု စွမ်းအား ကျတော့ အလုပ်လက်မဲ့များ။ ထိုအချက်များသည် ဆင်းရဲမှု သံသ ရာလည်ခြင်း၏ ကွင်းဆက်များ ဖြစ် သည်။ အထူးသဖြင့် ဆင်းရဲမှု သံသ ရာသည် အဆိုးကျော့ သံသရာ လည်ခြင်း သဘောဖြစ်နေသည်။ ၁၅။ ဆင်းရဲမှု အကြောင်းကို အစ ဆွဲမထုတ်နိုင်သောအခါ ဆင်းရဲမှုကို ချိုးဖျက်ဖို့အတွက် မလုပ်နိုင်ဖြစ်ရသည်။ ဆင်းရဲမှု စက်ဝိုင်းသည် ကြောက်ရွံ့မှုစက်ဝိုင်းကဲ့သို့ပင်ဖြစ်သည်။ ကြောက်တော့ မလုပ်။ မလုပ်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိတော့ မလုပ်တတ်။ မလုပ်တတ်တော့ မလုပ်နိုင်။ မလုပ်နိုင် တော့ စိုးရိမ်ပြီး ကြောက်။ ကြောက်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ၊ အတွေ့အကြုံမရှိတော့ မလုပ် နိုင်၊ မလုပ်နိုင်တော့ ကြောက်။ ဝင်ငွေ မရှိတော့ ပညာမတတ်။ ပညာမတတ်တော့ အလုပ်မရ၊ အလုပ်မရတော့ ဝင်ငွေမရှိ။ အလုပ်ရရင်လည်း လုပ်ခ/ လစာနိမ့်တဲ့ အလုပ်ကိုသာ ရ။ လုပ်ခ နိမ့်တော့ ဝင်ငွေ နိမ့်။ ဝင်ငွေ နည်း…. စသဖြင့် ရှိနေသည်။ ၁၆။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သူနေသူအဖို့ ပြည်သူ့၏ ဝင်ငွေကို တိုးအောင် လုပ်ပေးနိုင်ရမည်။ ဝင် ငွေတိုးတက်ရန် ဆိုလျှင် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းကို ဥပဒေနှင့်အညီ တန်းတူညီမျှစွာ ခွင့်ပြုထား ရမည်။ နိုင်ငံသားမှန်လျှင် လူတိုင်းအား စီးပွားရေး လုပ်ပိုင်ခွင့် ညီမျှစေရမည်။ အဆိုပါ အချက်သည် ဈေးကွက် စီးပွားရေးမူများကို အသက်ဝင်စေခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာလည်း ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို ချမ်းသာခွင့် အပြည့်အဝရစေပြီး ပြည်သူချမ်းသာလျှင် နိုင်ငံချမ်းသာခြင်းဖြစ်သည် ဟု မှတ်ယူ ရန်ပင်ဖြစ်သည်။ 13 Poverty Cycle 9 | လွှတ်တော်အမတ် မင်းသေ့ ၁၄။ ဖွံ့ဖြိုးမှုဗေဒတွင် ဆင်းရဲမှုသံသရာစက်ဝန်း13 ဆိုတာ ရှိသည်။ ဆင်းရဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာကို ဘောဂဗေဒရှုထောင့်က လေ့လာထားခြင်းဖြစ်သည်။ ဘာကြောင့် ဆင်းရဲရသလဲ။ ဝင်ငွေနိမ့်၍ ဆင်းရဲရခြင်း ဖြစ် သည်။ ဝင်ငွေနိမ့်တော့ ငွေမစုနိုင်။ ငွေမစုနိုင်တော့ ရင်းနှီးမြုပ်နှံမှု မပြုနိုင်။ ပြန်လည် မမြုပ်နိုင်တော့ စီးပွားရေး ဖွံ့ဖြိုးမတိုးတက်။ စီးပွားရေး မတိုးတက်တော့ နိုင်ငံ့အသားတင် ဝင်ငွေ နိမ့်။ နိုင်ငံ့ဝင်ငွေ နိမ့်တော့ ထုတ်လုပ်မှု စွမ်းအားကျ။ ထုတ်လုပ်မှု စွမ်းအား ကျတော့ အလုပ်လက်မဲ့များ။ ထိုအချက်များသည် ဆင်းရဲမှု သံသ ရာလည်ခြင်း၏ ကွင်းဆက်များ ဖြစ် သည်။ အထူးသဖြင့် ဆင်းရဲမှု သံသ ရာသည် အဆိုးကျော့ သံသရာ လည်ခြင်း သဘောဖြစ်နေသည်။ ၁၅။ ဆင်းရဲမှု အကြောင်းကို အစ ဆွဲမထုတ်နိုင်သောအခါ ဆင်းရဲမှုကို ချိုးဖျက်ဖို့အတွက် မလုပ်နိုင်ဖြစ်ရသည်။ ဆင်းရဲမှု စက်ဝိုင်းသည် ကြောက်ရွံ့မှုစက်ဝိုင်းကဲ့သို့ပင်ဖြစ်သည်။ ကြောက်တော့ မလုပ်။ မလုပ်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိတော့ မလုပ်တတ်။ မလုပ်တတ်တော့ မလုပ်နိုင်။ မလုပ်နိုင် တော့ စိုးရိမ်ပြီး ကြောက်။ ကြောက်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ၊ အတွေ့အကြုံမရှိတော့ မလုပ် နိုင်၊ မလုပ်နိုင်တော့ ကြောက်။ ဝင်ငွေ မရှိတော့ ပညာမတတ်။ ပညာမတတ်တော့ အလုပ်မရ၊ အလုပ်မရတော့ ဝင်ငွေမရှိ။ အလုပ်ရရင်လည်း လုပ်ခ/ လစာနိမ့်တဲ့ အလုပ်ကိုသာ ရ။ လုပ်ခ နိမ့်တော့ ဝင်ငွေ နိမ့်။ ဝင်ငွေ နည်း…. စသဖြင့် ရှိနေသည်။ ၁၆။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သူနေသူအဖို့ ပြည်သူ့၏ ဝင်ငွေကို တိုးအောင် လုပ်ပေးနိုင်ရမည်။ ဝင် ငွေတိုးတက်ရန် ဆိုလျှင် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းကို ဥပဒေနှင့်အညီ တန်းတူညီမျှစွာ ခွင့်ပြုထား ရမည်။ နိုင်ငံသားမှန်လျှင် လူတိုင်းအား စီးပွားရေး လုပ်ပိုင်ခွင့် ညီမျှစေရမည်။ အဆိုပါ အချက်သည် ဈေးကွက် စီးပွားရေးမူများကို အသက်ဝင်စေခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာလည်း ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို ချမ်းသာခွင့် အပြည့်အဝရစေပြီး ပြည်သူချမ်းသာလျှင် နိုင်ငံချမ်းသာခြင်းဖြစ်သည် ဟု မှတ်ယူ ရန်ပင်ဖြစ်သည်။ 13 Poverty Cycle 9 | လွှတ်တော်အမတ် မင်းသေ့ ၁၄။ ဖွံ့ဖြိုးမှုဗေဒတွင် ဆင်းရဲမှုသံသရာစက်ဝန်း13 ဆိုတာ ရှိသည်။ ဆင်းရဲမှု ဘာကြောင့်ဖြစ်သလဲဆိုတာကို ဘောဂဗေဒရှုထောင့်က လေ့လာထားခြင်းဖြစ်သည်။ ဘာကြောင့် ဆင်းရဲရသလဲ။ ဝင်ငွေနိမ့်၍ ဆင်းရဲရခြင်း ဖြစ် သည်။ ဝင်ငွေနိမ့်တော့ ငွေမစုနိုင်။ ငွေမစုနိုင်တော့ ရင်းနှီးမြုပ်နှံမှု မပြုနိုင်။ ပြန်လည် မမြုပ်နိုင်တော့ စီးပွားရေး ဖွံ့ဖြိုးမတိုးတက်။ စီးပွားရေး မတိုးတက်တော့ နိုင်ငံ့အသားတင် ဝင်ငွေ နိမ့်။ နိုင်ငံ့ဝင်ငွေ နိမ့်တော့ ထုတ်လုပ်မှု စွမ်းအားကျ။ ထုတ်လုပ်မှု စွမ်းအား ကျတော့ အလုပ်လက်မဲ့များ။ ထိုအချက်များသည် ဆင်းရဲမှု သံသ ရာလည်ခြင်း၏ ကွင်းဆက်များ ဖြစ် သည်။ အထူးသဖြင့် ဆင်းရဲမှု သံသ ရာသည် အဆိုးကျော့ သံသရာ လည်ခြင်း သဘောဖြစ်နေသည်။ ၁၅။ ဆင်းရဲမှု အကြောင်းကို အစ ဆွဲမထုတ်နိုင်သောအခါ ဆင်းရဲမှုကို ချိုးဖျက်ဖို့အတွက် မလုပ်နိုင်ဖြစ်ရသည်။ ဆင်းရဲမှု စက်ဝိုင်းသည် ကြောက်ရွံ့မှုစက်ဝိုင်းကဲ့သို့ပင်ဖြစ်သည်။ ကြောက်တော့ မလုပ်။ မလုပ်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိတော့ မလုပ်တတ်။ မလုပ်တတ်တော့ မလုပ်နိုင်။ မလုပ်နိုင် တော့ စိုးရိမ်ပြီး ကြောက်။ ကြောက်တော့ မလုပ်။ မလုပ်တော့ အတွေ့အကြုံမရှိ၊ အတွေ့အကြုံမရှိတော့ မလုပ် နိုင်၊ မလုပ်နိုင်တော့ ကြောက်။ ဝင်ငွေ မရှိတော့ ပညာမတတ်။ ပညာမတတ်တော့ အလုပ်မရ၊ အလုပ်မရတော့ ဝင်ငွေမရှိ။ အလုပ်ရရင်လည်း လုပ်ခ/ လစာနိမ့်တဲ့ အလုပ်ကိုသာ ရ။ လုပ်ခ နိမ့်တော့ ဝင်ငွေ နိမ့်။ ဝင်ငွေ နည်း…. စသဖြင့် ရှိနေသည်။ ၁၆။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်သူနေသူအဖို့ ပြည်သူ့၏ ဝင်ငွေကို တိုးအောင် လုပ်ပေးနိုင်ရမည်။ ဝင် ငွေတိုးတက်ရန် ဆိုလျှင် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းကို ဥပဒေနှင့်အညီ တန်းတူညီမျှစွာ ခွင့်ပြုထား ရမည်။ နိုင်ငံသားမှန်လျှင် လူတိုင်းအား စီးပွားရေး လုပ်ပိုင်ခွင့် ညီမျှစေရမည်။ အဆိုပါ အချက်သည် ဈေးကွက် စီးပွားရေးမူများကို အသက်ဝင်စေခြင်းဖြစ်သည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာလည်း ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို ချမ်းသာခွင့် အပြည့်အဝရစေပြီး ပြည်သူချမ်းသာလျှင် နိုင်ငံချမ်းသာခြင်းဖြစ်သည် ဟု မှတ်ယူ ရန်ပင်ဖြစ်သည်။ 13 Poverty Cycle
  • 10.
    10 | လွှတ်တော်အမတ်မင်းသေ့ ၁၇။ လွှတ်တော် အမတ်တစ်ယောက်အနေဖြင့် စီးပွားရေးစနစ်များ၏ သဘောသဘာဝနှင့် စီးပွားရေး၏ လည်ပတ်မှု ပုံစံ ယန္တရားစနစ်ကို နားလည် တတ်သိရန် လိုအပ်သည်။ ငွေကြေးဆိုင်ရာ သဘောတရားများ ကိုလည်း ကျေလည်စွာ တတ်သိရန် လိုသည်။ နိုင်ငံရေးသမားသည် စီးပွားရေးသမားတစ်ဦး ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် နိုင်ငံ့ စီးပွားရေးယန္တရား အဆင်ပြေ တိုးတက်မြင့်မားစေရန် တာဝန်ရှိသည့် အတွက် မက်ခရို စီးပွားရေး သဘော တရား14 နှင့် မိုက်ခရို စီးပွားရေး သဘောတရား15 ၏ ဆက်စပ်ဖြစ်တည်မှုကို နားမလည်၍ မရချေ။ မက်ခရိုစီးပွားရေး မက်ခရို ဘောဂဗေဒဟုလည်း ခေါ်နိုင်သည်။ မက်ခရိုဘောဂဗေဒမှာ စီးပွားရေး တစ်ခုလုံးကို ခြုံငုံလေ့လာခြင်း ဖြစ်သည်။ ဘိဇနက်လုပ်ငန်းအားလုံး၊ စားသုံးသူအားလုံးနှင့် ၎င်းတို့၏ စီးပွားရေးအပေါ် သက်ရောက်မှုများကို၊ အထူးပြုလေ့လာသည်။ အထူး သဖြင့် စုစုပေါင်း ထုတ်လုပ်မှု၊ အလုပ်လက်မဲ့၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး အတက်အကျသံသရာ တို့ ဖြစ်သည်။ တိုင်းပြည်စီးပွားရေး ဆိုရာတွင် တိုင်းပြည် ဝင်ငွေ၊ စုဆောင်းမှု၊ ရင်းနှီးမြုပ်နှံမှု၊ အလုပ်အကိုင်၊ လူဦးရေ၊ အစိုးရအသုံးစရိတ်၊ အခွန်တော်ရငွေ၊ ဘတ်ဂျတ်လိုငွေ၊ ငွေကြေးလည်ပတ်မှု၊ ကုန်သွယ်ရေး ရှင်းတမ်း၊ ငွေပေးငွေယူရှင်းတမ်း စသည်ဖြင့် ရှိသည်။ စီးပွားေ၇း တစ်ခုလုံးအတွက် ဆိုခဲ့ပါ သော့ချက်ကျသော အစိတ်အပိုင်းများကို မက်ခရို အခြင်းအရာ များဟု ခေါ်သည်။ မက်ခရိုဘောဂဗေဒက၊ ၎င်းတို့ကို အဓိကထား လေ့လာသည်။16 မိုက်ခရိုစီးပွားရေး မိုက်ခရိုဘောဂဗေဒဟုလည်း ခေါ်နိုင်သည်။ ဘိဇနက်လုပ်ငန်းတစ်ခုချင်း၊ အိမ်ထောင်တစ်ခုချင်းအလိုက် အနုစိတ်လေ့လာသော ဘာသာရပ် ဖြစ် သည်။ ဝယ်လိုအား၊ ရောင်းလိုအား၊ ဈေးနှုန်းစသော အကြောင်းအရာများ ပါဝင်သည်။ တစ်ခုလုံး ခြုံငုံ လေ့လာသည့် မက်ခရိုဘောဂဗေဒနှင့် ကွဲပြားစေရန်၊ အမည် တစ်မျိုး သတ်မှတ်ထားခြင်းဖြစ်သည်။17 ၁၈။ လွှတ်တော် တစ်ရပ်အနေဖြင့် တည်ဆဲ အစိုးရကို ထိန်းကျောင်းရသော တာဝန်ရှိသည်။ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား အဓိက တာဝန် (၃) မျိုးကို အဓိက ထမ်းဆောင်ရသည်။ 14 Macro Economic Concept 15 Micro Economic Concept 16 ကမ္ဘာလုံး စီးပွားရေး အဘိဓာန်/ ကျော်ဝင်း (ရေး) စာ- ၁၇၇ 17 ကမ္ဘာလုံး စီးပွားရေး အဘိဓာန်/ ကျော်ဝင်း (ရေး) စာ - ၁၉၅
  • 11.
    11 | လွှတ်တော်အမတ်မင်းသေ့ နံပါတ် (၁) နိုင်ငံ့၏ ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် နံပါတ် (၂) နိုင်ငံ့၏ စီးပွားရေး တာဝန် နံပါတ် (၃) နိုင်ငံ့၏ ဝန်ဆောင်မှုရေးရာ တာဝန် စသည့် တာဝန် (၃) ရပ် အဓိက ရှိသည်။ ၁၉။ အစိုးရတစ်ရပ်ကို အထိန်းအထေ ပြုလုပ်နေသော လွှတ်တော်အမတ်များအဖို့ နိုင်ငံတော်၏ ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ အမြင် သဘောတရားများဖြင့် ထိစပ်အပ်သည်။ တစ်နည်းအားဖြင့် အခြေခံဥပဒေတွင် ဖော်ပြ ထားသော စစ်ရေးအမြင် ဆိုသည့် အချက်ထက် ကာကွယ်ရေးနှင့် လုံခြုံရေးအမြင် ရှိရမည်ဟူသော အချက် သည် သမ္မတ တစ်ဦးတွင်သာမက လွှတ်တော်အမတ်တိုင်းတွင်လည်း ရှိသင့်သည်။ ၂၀။ နိုင်ငံတော်ကို အုပ်ချုပ်သည်ဆိုသည်မှာ တိုင်းပြည်အတွင်းရှိ ပြည်သူများ၏ စားဝတ်နေရေးကို တိုးတက် ကောင်းမွန်အောင် ဆောင်ကြဉ်းနိုင်ခြင်း ဖြစ်သည်။ ပြည်သူများ၏ စားဝတ်နေရေး ဆိုသည်မှာ ပြည်သူများ၏ စီးပွားရေးပင်ဖြစ်သည်။ ပြည်သူများ၏ စီးပွားရေး ဆိုသည်မှာ နိုင်ငံ့စီးပွားရေးပင်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို လေ့လာသော ပညာရပ်သည် နိုင်ငံရေးဘောဂဗေဒပညာရပ်ပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံရေး ဘောဂဗေဒပညာရပ်ကို ကျွမ်းကျင်သည့် ပညာရှင်/ကျွမ်းကျင်သူများ အခိုင်အမာရှိခြင်းက အရေးကြီးသော အချက် တစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံအုပ်ချုပ်ရေးဆိုသည်မှာ နိုင်ငံတည်ဆောက်ရေးပင်ဖြစ်သည်။ နိုင်ငံတည်ဆောက်ရေးဆိုသည်မှာလည်း နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ ၂၁။ နိုင်ငံ့စီးပွားရေးကို တည်ဆောက်ရန် မိမိတို့ တည်ဆောက်မည့် စီးပွားရေး အဆောက်အအုံကို ဖန်တီးတည် ဆောက်နိုင်သည့် စီးပွားရေး စနစ်ကို ရွေးချယ်ရသည်။ ထို့နောက် အဆိုပါ စီးပွားရေး စနစ်နှင့် အဆက်အစပ် ညီသော နိုင်ငံရေးစနစ်ကို ချမှတ်ကျင့်သုံးရသည်။ ထို့ကြောင့် လွှတ်တော်အမတ်များအနေဖြင့် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့သည် တစ်ခုကိုတစ်ခု အပြန်အလှန် အညမည သဘော ကျေးဇူးပြုဖြစ်တည်နေရသည်ဟု မှတ်ယူနေရမည်။ ၂၂။ “နိုင်ငံအုပ်ချုပ်တယ်ဆိုတာ ငါးသေး သေးလေး တစ်ကောင်တည်းနဲ့ ဟင်းဖြစ် အောင်ချက်ရသလိုပဲ” တဲ့…. တခါတရံ လွှတ်တော်အမတ်တွေမှာ နိုင်ငံ့အကျိုး အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အလုပ် တွေ အစီအစဉ်တွေ လုပ်ချင်ပါလျက်နှင့် လုပ်ခွင့်မရသည့် အခြေအနေတွေ ရှိနေ ခြင်းကိုလည်း သတိထားရပါမည်။  လွှတ်တော်အမတ်တွေ ဘယ်လိုဖြစ်လာတာလဲ  လွှတ်တော်အမတ်တွေ ဘာလုပ်ဖို့တာဝန်ရှိသလဲ  လွှတ်တော်အမတ်တွေ ဘာအတွက် လွှတ်တော်ထဲမှာ ရှိနေရတာလဲ
  • 12.
    12 | လွှတ်တော်အမတ်မင်းသေ့ ၂၃။ ထို့ကြောင့် နိုင်ငံရေးလုပ်နည်းတွင် အခြေအနေနှင့် အချိန်အခါ၏ မျက်နှာသာပေးမှုကို ဆုပ်ကိုင်တတ်ရန် အထူးလိုအပ်သည်။ လွှတ်တော်တွင်း နိုင်ငံရေးသည်လည်း ထိုနည်း လည်းကောင်းပင်ဖြစ်သည်။ အခြေအနေ၊ အချိန်အခါ အလိုက် အစုအဖွဲ့အလိုက် ရွေ့အောင် တွန်းနိုင်ခြင်းသည်ပင် တကယ့် နိုင်ငံရေး စစ်စစ်ဖြစ်၏။ ထို့ ကြောင့် နိုင်ငံရေးတွင် မဟာဗျူဟာကျကျ ရွေ့အောင် တွန်းနိုင်ခြင်းသည် အခရာကျသည်။ မဟာဗျူဟာကျ သော နိုင်ငံရေးနည်းနာသည် နိုင်ငံရေး အမြော်အမြင်တွင် အများကြီးမူတည်နေသည်။ နိုင်ငံရေးအမြော်အမြင် ရှိခြင်းသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဟာမိုနီဖြစ်အောင်၊ ဆက်စပ်တွေးခေါ်တတ်ခြင်းပင်ဖြစ်သည်။ နိုင်ငံရေးတာဝန် ၂၄။ နိုင်ငံရေးအာဏာကို ရရှိရန် အလို့ငှာ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံကြသည်။ ရွေးကောက်ခံသည် ဟု ဆိုနိုင်သည်။ ရွေးကောက်ခံ ယှဉ်ပြိုင်ရာတွင် အနိုင်ရရန်၊ မဲဆွယ်ကြသည်။ စည်းရုံးရေး ဆင်းကြသည်။ မဲဆွယ်သည့် အခါများ၌ ပြည်သူအား “ဘာလုပ်ပေးမည်၊ ညာလုပ်ပေးမည်” စသည်ဖြင့် မဲဆွယ်ကြသည်။ လက်တွေ့မကျသော မဲဆွယ်မှုများအား မစားရ ဝခမန်းပြော၍ မဲဆွယ်၍ အနိုင်ရသော အမတ်သည် လွှတ်တော်ထဲတွင် အရှက်ကွဲရသည်။ လွှတ်တော်ထဲ တစ်ဦးတစ်ယောက်တည်းဖြင့် မဆိုစလောက်သော လုပ် ပိုင်ခွင့်သာရှိသည်။ အုပ်စုလိုက်ချီ၍ တစ်ပြိုက်နက်တည်း တွန်းနိုင်သော နည်းနာဖြင့်သာ နိုင်ငံလုံးချီ ပြဿနာ များကို ဖြေရှင်းနိုင်သည်။ ၂၅။ ထို့ကြောင့် လွှတ်တော်ထဲတွင် အစုအဖွဲ့အလိုက် ညီညွှတ်ရေးသည် အရေးကြီးသည်။ ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ ရေးရာများကို ပြတ်သား စွာ ခွဲခြားတတ်ရန် လိုသည်။ လက်တွေ့ကျသော၊ ဖြစ်သင့်ဖြစ်ထိုက်သော၊ ဖြစ်နိုင်ချေ ရှိသော၊ အကျိုးရှိသော ကိစ္စများကို ရွေးချယ် ဆုံးဖြတ်တတ်ရန် လိုအပ်သည်။ ပြည်သူ့ရွေးချယ်မှုကို ထပ်မံရရှိရန် ပြည်သူ့သဘောထားနှင့် လိုလားချက်ကို မှန်ကန်စွာ မြင်တတ်ရန် လိုအပ်သည်။ နိုင်ငံရေးသမားဆိုတာ နေရာတိုင်းမှာ အတူတူပါပဲ။ သူတို့ဟာ မြစ်မရှိတဲ့ နေ ရာ မှာတောင် တံတားတွေ ဆောက် ပေးဖို့ ကတိပြုတတ်ကြတယ်။ နီကီတာ ခရူးရှက် ခေါင်းဆောင်ဆိုတာ အလုပ်အကျွေးပြုဖို့ ဖြစ်လာတာပဲ။ ငါသာလျှင် အရေးပါတယ်လို့ တံပိုး ခရာ မှုတ်ပြနေရမှာ မဟုတ်ဘူး။
  • 13.
    13 | လွှတ်တော်အမတ်မင်းသေ့ ၂၆။ လွှတ်တော် အမတ်သည် အနာဂတ်၏ သမ္မတလောင်းဟုပင် ဆိုချင် ဆိုနိုင်သည်။ ဒီမိုကရေစီရင့်ကျက်လာ သည်နှင့်အမျှ လွှတ်တော်အမတ်များသည် နိုင်ငံတော် သမ္မတဖြစ်ရန် အလားအလာ ပိုကောင်းလာသည်။ နိုင်ငံ ရေးသမားသည် ခေတ်ကို ရှေ့ဆောင်သောသူဖြစ်သည်။ ခေတ်ကို ပြုသူဟုပင် ဆိုနိုင်သည်။ နိုင်ငံရေးတာဝန် များဖြင့် လူထုကြားတွင် နေထိုင်ပြီး လူထုအကြောင်းကို ဂဃနဏ သိလာရသည်။ အမှန်တကယ် လူထုလိုအပ် သော လိုအပ်ချက်ကို သိလာသည်။ လိုအပ်ချက်မြင့်မားလာသော လူထုကို ကြည့်၍ တစ်စုံတစ်ရာ ဖြည့်ဆည်း ပေးချင်သည့် စိတ်ဆန္ဒပေါ်လာသည်။ ထိုစိတ်ဆန္ဒအလျောက် လူထုနှင့် ထိတွေ့သောအခါ လူထု ယုံကြည်မှုကို ရသည်။ လူထု ယုံကြည်မှု ရသော နိုင်ငံရေးသမားအဖို့ လွှတ်တော်ထဲ ဝင်ရန် အသင့်တော်ဆုံးသာဖြစ်သည်။ ၂၇။ နိုင်ငံရေးသမား အဆက်ဆက်သည် လူထုယုံကြည်မှုရရန် အထူးလိုအပ်သည်။ နိုင်ငံရေးမဲဆွယ်ခြင်း ဆို သည်မှာ အကျိုးလိုလို့ ညောင်ရေလောင်းခြင်း မဖြစ်စေရ။ လူထုနှင့် မိမိအကြား ယုံကြည်မှု တည်ဆောက်ခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ဟုပင် ဆိုချင် က ဆိုနိုင်ပေသည်။ ၂၈။ လူထုယုံကြည်သော နိုင်ငံရေးသမား အဖို့ ရွေးကောက်ပွဲဝင်ရန် သင့်သည်။ ရွေး ကောက်ပွဲတွင် အနိုင်ရရှိလျှင်လည်း ပြည်သူ့ အကျိုးကို သယ်ပိုးနိုင်စွမ်းရှိသော စွမ်းရည် များကို တည်ဆောက်အပ်သည်။ အရေး အကြီးဆုံးကား နိုင်ငံရေး စိတ်စေတနာ သည် အရေးအကြီးဆုံးဖြစ်သည်။ လူထုကို လိမ်လို့ မရ။ လူထုကို ညာလို့ မရ။ လူထု ပညာတတ်လာလေလေ၊ မဲဆွယ်ဖို့ ခက်လာ လေလေ ဖြစ်သည်ကို သတိချပ်ရမည်။ ၂၉။ လွှတ်တော် အမတ် တစ်ဦးအဖို့ အရေးကြီးသော အချက် (၁၁) ချက်ရှိသည်။ (၁) နိုင်ငံရေးနှင့် နိုင်ငံတည်ဆောက်ရေးကို စိတ်အားထက်သန်စွာ စိတ်ဝင်စားရမည်။ (၂) နိုင်ငံနှင့် ပြည်သူအား တိုးတက်ကြီးပွားလိုစိတ် ပြင်းပြစွာ ရှိရမည်။ (၃) နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်၍ ဦးဆောင်နိုင်သောသူဖြစ်အောင် ကြိုးစားရမည်။ (၄) လူထုနှင့် မိမိအကြား ယုံကြည်မှု တည်ဆောက်ရမည်။ (၅) လူထုကြားထဲ တိုးဝင်နေရမည်။ အောက်ခြေလူထုနှင့် ထိစပ်ရမည်။ (၆) လူထုကြီး၏ အမှန်တကယ်လိုအပ်ချက်နှင့် ပြဿနာကို သိရမည်။ (၇) လူထုလိုအပ်ချက်ကို ဖြည့်စွမ်းကူညီချင်သည့် စိတ်စေတနာ ကြီးစွာရှိရမည်။
  • 14.
    14 | လွှတ်တော်အမတ်မင်းသေ့ (၈) နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုဗေဒ၊ နိုင်ငံတည်ဆောက်ရေး18 ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နည်းနာ သဘောတရားများ19 ကို နားလည်ရမည်။ (၉) မိမိနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား၏ လည်ပတ်ပုံ၊ ဥပဒေပြုရေးစနစ်လည်ပတ်ပုံနှင့် တရားစီရင်ရေး စနစ်၏ အသွားအလာများကို ကျေညက်စွာ သိရမည်။ နားလည် ဆန်းစစ်နိုင်ရမည်။ (၁၀) သမိုင်း၊ ဥပဒေနှင့် အတွေးအခေါ်တို့တွင် နှံ့စပ်ရမည်။ (၁၁) ခေါင်းဆောင်မှု စွမ်းရည်နှင့် အပြောအဟောစွမ်းရည် အထူးလိုအပ်သည်။ ဤကား လွှတ်တော်အမတ်များ ရှိရမည့် စွမ်းရည် (၁၁) ချက်ဖြစ်သည်။ ၃၀။ လွှတ်တော်၏ အဓိက တာဝန်မှာ ဥပဒေပြုရေးဖြစ်သည်။20 ဥပဒေပြုရေး မဏ္ဍိုင်တွင် ပါဝင်သည့် လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏ လုပ်ငန်းစဉ်နှင့် တာဝန်များ အနည်းဆုံး ယေဘုယျသဘောသိရ မည်။ အကောင်းဆုံးမှာ တိတိကျကျ ပြတ်ပြတ်သားသား သိရမည်။ လွှတ်တော်များ၏ တာဝန်သည် မူများ စနစ်တကျ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအဖြစ် ပေါ် ထွန်းလာခြင်း ရှိ/ မရှိ၊ ထိုမူများ အသက်ဝင်ခြင်း ရှိ/ မရှိ စောင့်ကြည့်၍ အပြန်အလှန် ထိန်းကျောင်းရန် တာဝန်ရှိသည်။ လက်ရှိ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ပေါ်တွင် အလုပ် လုပ်နိုင်သော လုပ်ငန်းစဉ် (၃) ခု ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များမှာ - (၁) လွှတ်တော်များသို့ အဆိုများတင်သွင်းခြင်း (၂) လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း (၃) ဥပဒေကြမ်းများ တင်သွင်းခြင်း အဆိုတင်သွင်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက တစ်စုံတစ်ရာ စောင့်ဆိုင်းရန် မလိုပဲ ပြုလုပ်နိုင် သည်။ အဆိုများကို ၁၅ ရက် ကြိုတင် တင်ပြန်ရန် ဖြစ်ပြီး ခွင့်ပြုချက်ရလျှင် ၁၅ မိနစ် တင်သွင်းခွင့်ရှိပါ သည်။ တစ်နေ့လျှင် မေးခွန်း (၄) ခုသာ ကိုင်တွယ်မည် ဖြစ်ရာ မိမိ မေးခွန်း အမြန်ဆုံး အလှည့်ကျရန် ဝီရိယ ရှိရှိ တန်းစီထားရန် လိုပါသည်။ မဲခွဲသည့် အခါ အဆိုအတည်ဖြစ်ရန် အဆိုကို သဘောမတူပဲ မနေနိုင်အောင် ရေးသားတတ်၇န် လိုပါသည်။ မေးခွန်းများကိုလည်း ကိုယ်စားလှယ်များက တစ်စုံတစ်ရာကို စောင့်ဆိုင်းရန် မလိုပဲ တစ်ဖက်သတ် စတင် နိုင်ပါသည်။ လွှတ်တော် အစည်းအဝေး ကျင်းပသည့်နေ့များတွင် ပထမ တစ်နာရီသာ အသုံးပြု မည်ဖြစ်ပါသည်။ မေးခွန်းများကို (၁၀) ရက် ကြိုတင်၍ တင်ပြထားရန် လိုပါသည်။ 18 State Building 19 Developmental Concept 20 The main function of parliament is law making.
  • 15.
    15 | လွှတ်တော်အမတ်မင်းသေ့ A constitutional statesman is in general a man of common opinions and uncommon ability. Bagehot, Walter on Politicians and Politics (အခြေခံဥပဒေနည်းကျ နိုင်ငံတည်ဆောက်ရေးသမားဆိုတာ ယေဘုယျအားဖြင့် လူအများရဲ့ သဘောထားအမြင်တွေနဲ့ ထပ်တူရှိသူဖြစ်တယ်။ ပြီးတော့ သူ့မှာ သူလို ငါလို မဟုတ် တဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်။ ဥပဒေကြမ်း တင်သွင်းခြင်းကို ကိုယ်စားလှယ်များက မိမိသဘောဖြင့် ပြုလုပ်နိုင်သော်လည်း ဥပဒေကြမ်း ရေးဆွဲခြင်းသည် ပညာရပ်သဘောများစွာပါဝင်သောကြောင့် ဥပဒေကြမ်းတစ်ခု ပေါ်ပေါက်ရေးသည်ပင် များစွာ ခက်ခဲပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် အဆိုတင်သွင်းခြင်းနှင့် မေးခွန်း မေးမြန်းခြင်းကို အားကိုး၍ ပြည်သူလူထုအကျိုးကို ဆောင်ကြဉ်းပေးရန် လိုအပ်ပါသည်။ ကျန်ကိစ္စများ မှာမူ Majority ခေါ် အများစု အနိုင်ရရှိမှသာ ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်မည့် သဘောရှိသည်ကို တွေ့ရပေသည်။21 ၃၁။ နိုင်ငံရေးပါတီ၊ လွှတ်တော် စသည့် အင်္ဂါရပ်များသည် ဒီမိုကရေစီစနစ်၏ လက္ခဏာရပ်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပါတီမှတစ်ဆင့် ဖြစ်စေ၊ တစ်သီးပုဂ္ဂလရွေးကောက်ခံခြင်းမှ ဖြစ်စေ လွှတ်တော်ထဲသို့ ရောက်လာပြီဆိုလျှင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများဖြင့် လွှတ်တော်တစ်ရပ်၏ တာဝန်များကို ထမ်းဆောင် ရမည်ဖြစ်ပေသည်။ လွှတ်တော် အမတ် တစ်ယောက် အဖို့ လွှတ်တော်တွင်း ဒီမိုကရေစီပြည့်ဝစွာ ရှင်သန်နိုင် ရေးအတွက် လုံးဝတာဝန်ရှိသည်။ ဒီမိုကရေစီနှင့် မယှဉ်ပါးသည့် အမတ်များသည် လွှတ်တော်တွင်း ဒီမိုကရေစီ ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ချေ။ ၃၂။ လွှတ်တော်တွင်း ဒီမိုကရေစီ၌ အရေးကြီး သည့် အချက် တစ်ခုကို သတိချပ်ရမည်။ Democratic Tolerance ဟုခေါ်သည့် ခန္တီ တရားဖြစ်သည်။ ဒီမိုကရေစီကို “မတည့်အတူ နေ” ဝါဒ ဟု ဝိဂြိုလ်ပြုသည်လည်း ရှိသည်။ ဒီမို ကရေစီ၌ “Agree to Disagree” ဟုခေါ်သည့် အမြင်မတူမှုများကို နားလည်လက်ခံမှု ရှိသည့် ယဉ်ကျေးမှု တစ်ရပ်လည်း ထွန်းကားရမည် ဖြစ်သည်။ ၃၃။ အဆိုပါ ယဉ်ကျေးမှု (၂) ရပ် မထွန်းကား လျှင် လွှတ်တော်၏ အာဏာကို သိမ်းယူရန် အစဉ်အမြဲ စောင့်ကြည့်နေသည့် အဖွဲ့အစည်းသည် ထိုးထွက်လာနိုင်သည်။ လွှတ်တော်ကို အုပ်မိုးခံရပြီး နောက်ဆုံး၌ လွှတ်တော်ကို ဖျက်သိမ်းရသည်အထိ ဖြစ်လာနိုင်သည်။ နိုင်ငံရေးဝါဒများ ကွဲပြဲခြင်းသည် နိုင်ငံရေး ၌ ပြဿနာ မဟုတ်ချေ။ သို့သော် အလွန်အကျွံ ဂိုဏ်းဂဏကွဲမှုများ ဖြစ်လာပြီး နိုင်ငံတော် ယန္တရား ပျက်ယွင်း သည့် အခြေအနေအထိ ဖြစ်ပေါ်လာလျှင် အာဏာသိမ်းမှုဖြင့် ကြုံတွေ့ရန် အလားအလာရှိသည်။ 21 အောင်ထွဋ် / လွှတ်တော်ပေါ်မှ ဖြစ်နိုင်ချေများ ဆောင်းပါး/ The Voice Weekly Vol 7 – No. 7
  • 16.
    16 | လွှတ်တော်အမတ်မင်းသေ့ ၃၄။ လွှတ်တော်ဟူသည် အစိုးရအဖွဲ့ကို ထိန်းကျောင်းရသော အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည်။ အစိုးရကို ထိန်း ကျောင်းရမည့် မဏ္ဍိုင်သည် အစိုးရ၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်နည်းလုပ်ဟန်များကို အမြဲမပြတ် စောင့်ကြည့်နေရမည့် တာဝန်ရှိသည်။ နိုင်ငံတစ်ဝှမ်းလုံးတွင် အစိုးရ၏ လက်တံများ ရှည်လျှင် ရှည် သကဲ့သို့ မိမိတို့ကလည်း မြင်နိုင်သမျှ များများမြင်အောင် ထိုးဖောက်ကြည့်မြင်နိုင်စွမ်းရှိရမည်။ အစိုးရတစ်ခုလုံး ၏ လုပ်ပုံကိုင်ပုံများ၊ အကောင်အထည်ဖော်မှုများကို ယေဘုယျ ကြည့်ရှုခြင်းထက် အသေးစိတ်ကြည့်ရှုနိုင်ရန် လိုအပ်သည်။ နက်နက်နဲနဲ ကြည့်ရှု စစ်ဆေးနိုင်ရန် လိုအပ်သည်။ ထိုသို့သော တာဝန်များကို ထမ်းဆောင်နိုင် စေရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော် နည်းဥပဒေများတွင် လွှတ်တော်အမတ်များ၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို တိတိကျကျ ပြတ်ဌာန်းပေးထားသင့်သည်။ ၃၅။ လွှတ်တော်သည် အစိုးရ၏ မူဝါဒတစ်ခုချင်းစီကို သုံးသပ်စိစစ်ရန် အရေးကြီးသည်။ ဘဏ္ဍာခွဲဝေသုံးစွဲမှု၊ အရင်းအမြစ်ရယူသုံးစွဲမှု၊ လုပ်ငန်းအကောင်အထည်ဖော်မှု၊ ပြည်သူ့ဝန်ဆောင်မှု ပေးခြင်း စသည့် ကဏ္ဍများကို လေ့လာသုံးသပ်နေရမည်။ အစိုးရ လုပ်သမျှကို လွှတ်တော်က အမြဲ ဒေါက်ထောက်ကြည့်နေရန် တာဝန်ရှိ သည်။ ထိုမှသာ အထိန်းအထေ ရှိသည့် ဒီမိုကရက်တစ် အစိုးရအဖြစ် အသွင်ယူနိုင်မည်ဖြစ်သည်။ ၃၆။ လွှတ်တော်အမတ်များ၏ တာဝန်သည် ဥပဒေ ပြုရေး တစ်ခုတည်း မဟုတ်ချေ။ ပြဌာန်းထားသော ဥပဒေ များကို အသက်ဝင်ရန် လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ဥပဒေတစ်ခုသည် ပြဌာန်းပြီးရုံဖြင့် မလုံလောက်ချေ။ ဥပဒေကောင်းများ ထွက်ပေါ်လာစေရန် တာဝန်ရှိသည့် အပြင် ဥပဒေဟောင်းများအား ပြန်လည် ပြင်ဆင်ရန် အရေးကြီးသည်။ တည်ဆဲ မူဝါဒများသည် ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ် သက်ရောက်ခြင်းရှိ မရှိ သုံးသပ်နေရမည်။ ထိုအချက်ကို မူဝါဒရေးရာ သုံးသပ်မှုဟု ခေါ်နိုင်သည်။ တည်ဆဲဥပဒေများ အသက်ဝင်မှု သည် နိုင်ငံနှင့် မသင့်တော်တော့လျှင် ဥပဒေများကို ဖျက်သိမ်းရန်လည်း လုပ်ဆောင်ရန် တာဝန်ရှိသည်။ ၃၇။ ဥပဒေသမားတစ်ယောက်သည် ဥပဒေတစ်ခုထဲတွင် ပါဝင်သည့် အပိုဒ်များ၊ ပုဒ်မများ နည်းစနစ်မှန်မမှန် ကို သာ သုံးသပ်သည်။ ကြည့်သည်။ လွှတ်တော်အမတ်တစ်ယောက်အဖို့ ဥပဒေပြုရေးနည်းနာ နိဿရများကို သိစေရန် သာမက ဥပဒေထဲ၌ ပြဌာန်းရေးသားထားသော ပုဒ်မများ၊ အပိုဒ်တစ်ခုချင်းစီသည် ပြည်သူလူထု အပေါ် မည်သို့ မည်ပုံ သက်ရောက်နိုင်သနည်း၊ ထိုသို့ သက်ရောက်လျှင်လည်း မည်သို့သော ကောင်းကျိုး၊ ဆိုး ပြစ်များ ဖြစ်လာနိုင်သည်ဆိုသည်ကိုပါ အမြော်အမြင်ရှိစွာ သုံးသပ်ရန် တာဝန်ရှိသည်။ ၃၈။ ယခင် အစိုးရဟောင်းလက်ထပ်က လုပ်ဆောင်ခဲ့သော စီမံကိန်းများ၊ မူဝါဒများ၊ အထောက်အပံ့များနှင့် စာချုပ်များ၊ သဘောတူညီမှုများအား အစဉ်တစိုက်သုံးသပ်နေရန် လိုအပ်သည်။ နိုင်ငံရေးသမားတစ်ယောက်၏ တာဝန်သည် လူထုထောင်ခံမှုရှိအောင်လုပ်၍ နိုင်ငံရေးအာဏာရအောင် လုပ်ဆောင်ရေးသည် အဓိကကျနေ သော်လည်း ပြည်သူက ရွေးကောက်တင်မြှောက်ခံရပြီးချိန်တွင် ပြည်သူ့အကျိုးနှင့် နိုင်ငံတော်အကျိုးကို ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် သတိတရားဖြင့် အမြဲ တာဝန်ထမ်းဆောင်နေရန် အရေးကြီးသည်။
  • 17.
    17 | လွှတ်တော်အမတ်မင်းသေ့ ၃၉။ အစိုးရသည် မူဝါဒများ၊ စီမံကိန်းများကို ပြဌာန်းထားသော ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ရသူ ဖြစ်ရာ၊ အစိုးရက ကြီးကြပ်၍ စီမံခန့်ခွဲရသော ငွေကြေးပမာဏသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုလျှင် အင်မတန်များပြားသည်။ ဘဏ္ဍာရေး စာရင်းဇယားများသည်လည်း အင်မတန် ရှုပ်ထွေးလေ့ရှိသည်။ တခါတရံ လုပ်ထုံးလုပ်နည်းများနှင့် ဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များသည် ဥပဒေနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။ လွှတ်တော်အမတ်များသည် ဝန်ကြီးဌာနများ၏ လက်ရှိ အသက်ဝင်နေသော လုပ်ထုံးလုပ်နည်းနှင့် နည်းဥပဒေ များ၊ ညွှန်ကြားချက်များကို ဥပဒေနှင့် ညီမညီ စောင့်ကြည့်နေရန် လိုအပ်သည်။ ၄၀။ တရားရေးမဏ္ဍိုင်အနေဖြင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့်သော်လည်းကောင်း ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို မည်သူက တင်ပြသည်ဖြစ်စေ၊ မတင်ပြသည် ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီမညီ အမြဲသုံးသပ်နေရန်၊ အဓိပ္ပာယ်ဖွင့်ဆိုနေရန်၊ စီရင်ပြဌာန်းရန် အမြဲ တာဝန်ရှိနေသည်။ ထိုကဲ့သို့ပင် လွှတ်တော်အမတ်များသည်လည်း ဝန်ကြီးဌာနအလိုက် များပြားသော လုပ်ထုံး လုပ်နည်းနှင့် အမိန့်၊ ညွှန်ကြားချက်များကို စောင့်ကြည့်ထိန်းကျောင်းရန် အရေးတကြီး လိုအပ်သည်။ ၄၁။ လွှတ်တော်သည် အစိုးရကို စောင့်ကြည့်ထိန်းကျောင်းသည့် Watch dog ကဲ့သို့သော တာဝန်ကိုလည်း ယူထားရပေသည်။ အစိုးရသည် စီမံကိန်းများကို အကောင်အထည်ဖော်ရုံဖြင့် တာဝန်မကျေသေးချေ။ ပြည်သူ့ အပေါ် အလုံးစုံ တာဝန်ခံမှု ရှိစေရန်လည်း လွှတ်တော်အမတ်များက အမြဲတိုက်တွန်းနိုးဆော်နေရပေသည်။ လွှတ်တော်အမတ်များကိုယ်တိုင်က အစိုးရ၏ လုပ်ငန်းစဉ်များကို နက်နက်နဲနဲ လေ့လာမသိရှိထားပါက၊ အစိုးရ ကို ထိန်းကျောင်းရာတွင် အားနည်းမည် ဖြစ်သည်။ အစိုးရ၏ ငွေကြေးအသုံးစာရင်းများကို စိစစ်ရမည်ဖြစ်ရာ ငွေကြေးရှင်းတမ်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို ကြည့်တတ်ရန် လိုသည်။ အဆိုပါ ရှင်းတမ်းများကို ကိုယ်တိုင် လုပ်တတ်စရာ မလိုချေ။ စစ်ဆေးကြည့်ရှုတတ်ရန် အထူးလိုအပ်သည်။ ငွေကြေးဆိုင်ရာ အသိနှင့် ဗဟုသုတ များအား လေ့လာသင့်သည်။ ၄၂။ တဖန် အစိုးရက တင်ပြလာသော ဘဏ္ဍာရေး အသုံးစရိတ်များကို လွှတ်တော်က ဖြစ်သင့်ဖြစ်ထိုက်သော ပမာဏများဖြစ်အောင် ဆုံးဖြတ်ချက်ပေးရသည်ဖြစ်ရာ၊ လုပ်ငန်းအကောင်အထည်ဖော်မှုတွင် ကုန်ကျနိုင်သော ငွေကြေးပမာဏအား ဆုံးဖြတ်စဉ်းစားနိုင်သော ဥာဏ်ရည်မျိုးရှိမှသာ လွှတ်တော်အမတ်ဖြစ်ထိုက်သည်။ လွှတ် တော်အမတ်များအနေဖြင့် မိမိကိုယ်တိုင် မတတ်သိသော်မှ တတ်သိသော အစုအဖွဲ့များကို မိမိနောက်တွင် တည်ဆောက် ကျားကန်ထားရန် အရေးကြီးသည်။ ၄၃။ အမေရိကန် သမ္မတ အဆက်ဆက်သည် သမ္မတ လုပ်ဖူးသော အတွေ့အကြုံမရှိပါပဲ အလွန်ရှုပ်ထွေးသော နိုင်ငံတော် ယန္တရားကြီးကို အဆင်ပြေအောင် လည်ပတ်နိုင်စွမ်းရှိနိုင်ခဲ့ခြင်းမှာ အကြံပေးကောင်းများ၊ လူတော် လူကောင်းများကို ခေါ်ယူသုံးစွဲတတ်ခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားများသည် မိမိကိုယ်ကို နိုင်ငံရေးအရည်အသွေးများ ဖြည့်တင်းပြီးသော် လူတော်များကို ချစ်ခင်တတ်သော စိတ်ဓာတ်နှင့် နိုင်ငံ့အကျိုး အတွက် ကောင်းစွာ အသုံးချစီမံခန့်ခွဲတတ်သော အရည်အသွေးများကို တည်ဆောက်ရန် လုပ်ဆောင်ရမည်။
  • 18.
    18 | လွှတ်တော်အမတ်မင်းသေ့ အမတ်အရည်အချင်း (၈) မျိုး ၄၄။ ရာဇနီတိ၌ အမတ်တို့ ပြည့်စုံရမည့် အရည်အချင်း (၈) မျိုးကို ပြဆိုထားသည်။ ၎င်းမှာ - (၁) အကြားအမြင်များခြင်း (၂) သီလသီတင်းရှိခြင်း (၃) ရဲရင့်ခြင်း (၄) လုံ့လဝီရိယ ရှိခြင်း (၅) အမှုကိစ္စပြီးစီးအောင် စီရင်တတ်ခြင်း (၆) ခွန်အားကြီးခြင်း (၇) လောဘမရှိခြင်း (၈) ချစ်ဖွယ်သော အရောင်အဆင်းရှိခြင်း စသည်တို့ ဖြစ်သည်။ ၄၅။ အကြားအမြင် များခြင်း - နိုင်ငံရေးလုပ်သူအဖို့ နယ်ပယ်အားလုံးလိုလိုနှင့် ထိစပ်ပက်သက်နေရသည် ဖြစ်ရာ၊ နယ်ပယ်ပေါင်းစုံ၌ နှံ့စပ်တတ်သိခြင်းက နိုင်ငံရေးအရခေါင်းတစ်လုံးသာခြင်း ဖြစ်သည်။ ဆိုရေးချိန် ဆိုရေးရာတွင် နှုတ်စွံ့နေ၍ မရ။ ဆွေးနွေးပြောဆိုတတ်ရမည်။ ဝေဖန် ဆင်ခြင်တတ်ရမည်။ စကားလုံးများကို စိစစ်တတ်ရမည်။ မျက်စိမှလည်းကောင်း၊ နားမှလည်းကောင်း အချက်အလက်များပေါင်းစုံ နေ့စဉ်နှင့်အမျှ ဝင်လာလိမ့်မည်။ ဝင်လာသော အချက်အလက်အားလုံးကို အလုံးစုံ လက်ခံ၍ မသင့်ချေ။ စိစစ်ရမည်။ အမှိုက် ဆိုတာ ဘယ်အရာ ဆိတာကို ခွဲခြားသိရမည်။ မျက်စိထဲ၊ နားထဲသို့ ဘာကိုမှ စစ်မထုတ်ဘဲ အားလုံးအဝင်ခံ၍ မရ။ အမတ်များ၏ မျက်စိနှင့် နားများတွင် ဇကာတပ်ထားရမည်။ ၄၆။ သီလ သီတင်း ရှိခြင်း - လူအများကို ကိုယ်စားပြု၍ ဦးဆောင်နေသူသည် သာမန်သီလရှိသူမျိုး မဖြစ်သင့် ချေ။ အထူးသဖြင့် အခြေခံသီလ မြဲမြံရမည်။ အခြေခံသီလမှ မခိုင်မြဲသူသည် အများကို ကိုယ်စားပြုချေက ကိုယ် စားပြုခံရသူ ပြည်သူများ နှစ်နာမည်။ မဲပေးသော ပြည်သူတို့၏ မဲတန်ဖိုးများ အဟောသိကံဖြစ်မည်။ ထို့ထက် ပိုချေက အကျိုးပင် ယုတ်နိုင်သည်။ အခြေခံသီလပင် မပြည့်စုံသူကို မဲပေး၍ အာဏာရစေက အဆိုပါ ပြည်သူ တို့ ပျက်စီးမည်။ အကျိုးယုတ်မည်။ ၄၇။ ရဲရင့်ခြင်း - အမှန်ကို မသိသူသည် မရဲရင့်ချေ။ ရဲရင့်တိုင်းလည်း အမှန်မသိချေ။ ဥာဏ်ပါသော ရဲရင့်မှုမှသာ အရာဝင်သည်။ ထိရောက်သည်။ အကျိုးဖြစ်သည်။ ထို့ကြောင့် အမှန်ကို သိအောင် လုပ်ရမည်။ မှန်ရာကို ချင့် ချိန်၍ ရဲရင့်ခြင်းသည် ပါးနပ်လိမ္မာခြင်း မည်သည်။ အရိပ်သုံးပါးနားလည်သော ရဲရင့်ခြင်းမျိုးသော နိုင်ငံရေး ပရိယာယ်အားဖြင့် ကြွယ်ဝရမည်။ အကြောင်းကို မသိသော ရဲရင့်ခြင်းကာ မိုက်ရူးရဲခြင်းပင်ဖြစ်သည်။ ဥာဏ်ဖြင့် ရဲရင့်သော ရဲရင့်ခြင်းဖြင့် နိုင်ငံရေးကစားကွက် ထွင်တတ်ရမည်။
  • 19.
    19 | လွှတ်တော်အမတ်မင်းသေ့ ၄၈။ လုံ့လ ဝီရိယ ရှိခြင်း - ပြည်သူ့အကျိုးဆောင်ရွက်ရာတွင် အမြဲ ထထကြွကြွ နိုးနိုးကြွကြွ၊ တက်တက်ကြွကြွ ရှိခြင်းသည် အမတ်ကောင်းတစ်ယောက်၏ လက္ခဏာရပ်ကောင်းဖြစ်သည်။ ကာယကံမြောက် နိုးကြားတက်ကြွ နေရမည်။ စိတ်ဓာတ်အားဖြင့် နိုးကြားတက်ကြွနေရမည်။ လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုရာ၌ လုံ့လ ဝီရိယရှိရှိ ပြင်ဆင်လေ့လာထားခြင်းက နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားမှုကို ဖြစ်စေလိမ့်မည်။ ၄၉။ အမှုကိစ္စပြီးစီးအောင် ဆောင်ရွက်တတ်ခြင်း - အလုပ်တစ်ခု လုပ်ရာ၌ ဟိုတို့လို့တန်းလန်း၊ ဒီတို့လို့တန်းလန်း လုပ်နေ၍ မရ။ စခဲ့သည့် ကိစ္စကို ပြီးမြောက်အောင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်ရမည်။ ပြီးစီးအောင် ဆောင် ရွက်လေ့ မရှိခြင်းသည် ဟိုစပ်စပ်၊ ဒီစပ်စပ်သမားသာ ဖြစ်သည်။ ယောင်ခြောက်ဆယ် သမားသာ ဖြစ်သည်။ ဟိုယောင်ယောင် ဒီယောင်ယောင် စိတ်ဓာတ်ဖြင့် ပြည်သူ့အကျိုး သယ်ပိုး၍ မရ။ ယောင်ခြောက်ဆယ်သမား ပုံစံဖြင့် နိုင်ငံအကျိုးကို နှမ်းဖြူး၍ မရချေ။ ၅၀။ ခွန်အားကြီးခြင်း - အများအကျိုးဆောင် ပုဂ္ဂိုလ်သည် ကိုယ်ကာယ ကြံ့ခိုင်သန်မာရမည်။ စိတ်ဓာတ်မြဲမြံ ပြတ်သားရမည်။ အကြောင်းမှာ သူ့၌ ခရီးအရှည်ကြီးသွားရအုံးမည် ဟု ကွန်ဖြူးရှပ်က ပြောခဲ့သည်။ နိုင်ငံရေး အကျိုးဆောင် ပုဂ္ဂိုလ်တစ်ယောက်အဖို့ ကျန်းမာရေးကောင်းရမည်။ စိတ်ဓာတ်ခွန်အားကြီးရမည်။ စိတ်ဓာတ်ခွန် အားကြီးခြင်း၌ သဘောထားကြီးခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ပျင်းရိထိုင်းမှိုင်းမှု ကင်းခြင်း၊ ပြတ်သားခြင်း စသည့် စွမ်း ရည်တို့ ပါဝင်သည်။ ၅၁။ လောဘမရှိခြင်း - လုပ်ပိုင်ခွင့်အာဏာ ခပ်ကြီးကြီးရသူတို့သည် အဂတိလိုက်စားမှု၊ ခြစားမှု၊ လာဘ်စားမှု တို့ ဖြင့် ဇာတ်သိမ်းရတာ များသည်။ လူရယ်လို့ ဖြစ်လာပါက လောဘ၊ ဒေါသ၊ မောဟ ရှိစမြဲဖြစ်သည်။ ဤအချက် များကို သတိဖြင့် ထိန်းရမည်။ စောင့်စည်းရမည်။ ထိန်းချုပ်ရမည်။ ပုထုဇဉ်သဘောအရ၊ လောဘအနည်းဆုံးဖြစ် အောင် ကျင့်ကြံတတ်ရမည်။ ဤသို့လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်နေပြီ ဖြစ်ကြောင်း မှတ်ရမည်။ ၅၂။ ချစ်ဖွယ်သော အရောင်အဆင်းရှိခြင်း - လူမှာအဝတ်၊ တောင်းမှာအကွပ်ဟူသော စကားရှိသည်။ ကိုယ့် အရည်အချင်း ကိုယ့်ဂုဏ်သိက္ခာဖြင့် လိုက်လျောညီထွေဖြစ်သော ဝတ်စားဆင်ယင်မှု ပြုရမည်။ ကလေးဆန် သော၊ မရင့်ကျက်သော ဝတ်စားမှုမျိုး မရှိစေရ။ ရင့်ကျက်သောသွင်ပြင်၊ တည်ငြိမ်သော သွင်ပြင်၊ လေးနက် သောသွင်ပြင် ဖြစ်အောင် နေထိုင်တတ်ရမည်။ လွန်စွာတောက်ပြောင်သစ်လွင်သော ဝတ်စားဆင်ယင်မှု မလို အပ်ချေ။ သက်သောင့်သက်သာရှိသော ပုံစံ နေထိုင်ပြုမူရမည်။ နှစ်လိုဖွယ်ရှိသော အသွင်အပြင်ဖြင့် ချစ်ခင်ဖွယ် ရာ အပြောအဆို အပြုအမူရှိစေရမည်။ မင်းတိုင်ပင် အမတ် (၄) မျိုး ၅၃။ ရာဇသေဝက ကျမ်း၌ မင်းတိုင်ပင်အမတ် (၄) မျိုးရှိကြောင်း ခွဲပြထားသည်။ (၁) ဝိနိစ္ဆယ အမတ် (၂) ဝေါဟာရိက အမတ်
  • 20.
    20 | လွှတ်တော်အမတ်မင်းသေ့ (၃) အန္တောကာရိက အမတ် (၄) အဌကူလိကာ အမတ် ၅၄။ ဝိနိစ္ဆယ အမတ် - တိုင်းပြည်ရေးရာ အရေးကြီးသည့် အမှုကိစ္စများကို စူးစမ်းသိမြင်နိုင်သည့် အမတ်။ ဤအမတ်မျိုးသည် ရေးရာအဖြာဖြာကို သိမြင်တတ်သည့် ဥာဏ် ရှိသူဖြစ်သည်။ ကြွယ်ဝသော ဗဟုသုတဥာဏ် ဖြင့် ပြည့်စုံသူဖြစ်သည်။ နိုင်ငံရေးကိစ္စဟူသည် နယ်ပယ်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ ပြဿနာမျိုးစုံ ရှိသည် ဖြစ်ရာ နိုင်ငံရေးသမားအဖို့ ကျယ်ပြန့်နှံ့စပ်သော အသိရှိခြင်းသည် တိုင်းပြည်အတွက် ရတနာဖြစ်သည်။ ဤသို့ သော သူသည် အဘိဓာန်လို၊ စွယ်စုံရ လူမျိုးဖြစ်သည်။ ဤသို့သော အမတ်မျိုးကို ပြဿနာများ၊ အဖြေများကို ဝေဖန်ဆန်းစစ်အဖြေရှာသည့် လွှတ်တော်ကဲ့သို့သော နေရာမျိုး၌ ရှိစေသင့်သည်။ ၅၅။ ဝေါဟာရိက အမတ် - အမှုကိစ္စတို့တွင် မှန်ကန်သော အဆုံးအဖြတ်တို့ကို ပေးနိုင်သည့် အမတ်။ ဤအမတ် မျိုးသည် စဉ်းစားတွေးခေါ်အားကောင်းသော အရည်အသွေးမျိုးရှိသူဖြစ်သည်။ သူ့တွင် ဖော်မြူလာကောင်းရှိ သည်။ သူ့၌ လိုအပ်သော အချက်အလက်များကိုသာပေးပါ။ ပြဿနာများကို တိကျသေချာစွာ အဖြေထုတ်နိုင် စွမ်းရှိသူဖြစ်သည်။ ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဥာဏ်မြင့်၍ ကြောင်းကျိုးသိသော ဥာဏ်မျိုး ပိုင်ဆိုင်သော အမတ် ဖြစ်သည်။ ဤသို့သော အမတ်မျိုးကို မူဝါဒ ချမှတ်သည့် ရာထူးနေရာများ၌ တာဝန်ပေးသင့်သည်။ ၅၆။ အန္တောကာရိက အမတ် - အုပ်ချုပ်မှုရေးရာ ဌာနများတွင် နိုင်နင်းစွာ စီရင်အုပ်ချုပ်နိုင်သည့် အမတ်။ ဤ အမတ်မျိုးသည် စီမံခန့်ခွဲမှုကောင်းသော သူဖြစ်သည်။ စီမံခန့်ခွဲမှုအတတ်၊ လူတွေကို ခိုင်းစေသောအတတ်ကို ကျွမ်းကျင်စွာ နိုင်နင်းသူဖြစ်သည်။ လူ့သဘော၊ လူ့မနောကို သိသည်။ လူ့အထာနှင့် လူ့စရိုက်ကို သိသည်။ လူများ၏ စွမ်းရည်နှင့် အားသာချက်၊ အားနည်းချက်များကို ခွဲခြားဝေဖန်တတ်သိသော သူဖြစ်သည်။ ဤသို့ သော အမတ်မျိုးကို မူဝါဒ အကောင်အထည်ဖော်သည့် ရာထူးနေရာများ၌ တာဝန်ပေးလျှင် သင့်တော်သည်။ ၅၇။ အဌကူလိကာ အမတ် - မျိုးရိုးစဉ်လာအရ ဆင်းသက်လာခဲ့၍ ငယ်စဉ်ကပင်လျှင် နိုင်ငံရေးရာ အမှုကိစ္စ အဝဝတို့ကို ကျွမ်းကျင်တတ်မြောက်လာခဲ့သည့် အမတ်။ ဤအမတ်မျိုးသည် အစဉ်အလာ၌ ပညာတတ်သိ သော စွမ်းရည်ရလာသူဖြစ်သည်။ ယခုကာလ၌ ဤသို့သောသူ မရှိချေ။ ဘိုးဘွားဖခင်လက်ထက်မှယခုတိုင် အောင် နိုင်ငံရေး လုပ်လာသည့် နိုင်ငံရေး မျိုးရိုးရှိသူသာ ရှိနိုင်တော့သည်။ အမတ် (၂) မျိုး ၅၈။ ဦးဘဦး၏ မြန်မာအုပ်ချုပ်ရေးပညာ စာအုပ်၌ အမတ် (၂) မျိုးကို ထပ်မံ ခွဲခြား ပြထားသေးသည်။ - ဓီသဇီဝ အမတ် နှင့် ကမ္မသ ဇီဝ အမတ် ဟူ၍ ဖြစ်သည်။ ၅၉။ ဓီသဇီဝ အမတ် - မင်းပြောင်းမင်းလွှဲကို ပဓာနမထားပဲ အမတ်၏ ဝတ္တရား၌သာ စိတ်ပါဝင်စား၍ အမျိုးအရိုး အားလျော်စွာ အလုပ်၊ ပညာ အရည်အချင်း အလျောက် မင်းဆက်အများအပြား၌ ဆက်ခါ ဆက်ခါ ဆောင်ရွက်
  • 21.
    21 | လွှတ်တော်အမတ်မင်းသေ့ သောဓလေ့ရှိသည့် အမတ် ဖြစ်သည်။ ဤကဲ့သို့သော အမတ်မျိုးသည် အတွေ့အကြုံရင့်ကျက်၍ မိမိကျဉ်လည် ရာ နယ်ပယ်၌ ကျွမ်းကျင်တတ်သိမှု ပြည့်စုံသူဖြစ်သည်။ ယခုခေတ် ဝေါဟာရအနေဖြင့် ဖော်ပြရသော် တက်ခနိုကရက် ကဲ့သို့သော သူမျိုးဖြစ်သည်။ ၆၀။ ကမ္မသဇီဝ အမတ် - အခြေအနေအချိန်အခါအရ ပေါ်ပေါက်လာသည့် အမတ်မျိုး ဖြစ်ကြ၍ ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားတို့ အိမ်နိမ့်စံစဉ်က စ၍ အထွဋ်အထိပ် ရောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးသူများ ဖြစ်ကြသည်။ ကမ္မသဇီဝ အမတ်ဆိုသည်မှာ ဘုရင့် အိမ်တော်ပါများဖြစ်၍ နန်းတက်ရန် ကြံစည်ရာ ပါဝင်ကြပြီး၊ လက်ရုံး အားကိုးတတ်သူများဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ယနေ့ခေတ်တွင် သက်ဦးဆံပိုင် ဘုရင်စနစ် ပျက်သုဉ်းသွားသည်ဖြစ်ရာ၊ ဤကဲ့သို့သော အမတ်မျိုးမရှိတော့ဟု ပြောနိုင်သည်။ သို့သော်လည်း ထိုပုံစံရှိသော နိုင်ငံရေးသမား အမတ်များလည်း ရှိသေးသည်။ အထူးသဖြင့် တော်လှန်ရေးနည်းဖြင့် လူထုထောက်ခံမှုရလာ သော အမတ်မျိုးသည် ဤကဲ့သို့သော စရိုက်မျိုးနှင့် နီးစပ်သည်။ တဖန် အရှင်မွေး၍ နေ့ချင်းကြီးသည့် နိုင်ငံရေး အာဏာရ ပုဂ္ဂိုလ်မျိုးသည်လည်း ဤကဲ့သို့ ဖြစ်နိုင်ချေ များသည်။ ဘုရင်ကို ကပ်ရပ် မှီခို အားသန်သော အမတ် လည်း ကမ္မသဇီဝ အမတ်ဟု ခေါ်သည်။ မင်းတိုင်ပင် အမတ် မဖြစ်သင့်သူ ၆၁။ မင်းတို့ မတိုင်ပင်အပ်သူ (၈) ယောက် ရှိကြောင်းကို မိလိန္ဒ ပဥှာကျမ်း၌ ဖော်ပြထားသည်။ (၁) ရာဂစရိုက် ကြီးသော သူ ရတ္တော (၂) ဒုစရိုက်များသောသူ ဒုဌော (၃) မိုက်မဲသောသူ မုဌော (၄) မာနကြီးသောသူ မာနော (၅) ကြမ်းကြုတ်သောသူ လုဒ္ဓေါ (၆) ပျင်းရိသောသူ အလသော (၇) တစ်ခုတည်းသော အမှုကို တမ်းတမ်းစွဲ စိတ်ရှိသူ ဧကစိန္တိ (၈) အသက်ငယ်သောသူ ဗာလော ဤလူ (၈) မျိုးကို နိုင်ငံရေး အစည်းအဝေးများ၌ လည်းကောင်း၊ မတိုင်ပင်အပ်ချေ။ တိုင်ပင်လျှင်လည်း အကျိုး ပျက်စီးမည် ဖြစ်သည်။ ပညာ (၅) မျိုး ၆၂။ ပညာရှိအမတ်ဟူ၍ သူတို့၏ ထင်ရှားသည့် ပညာ ဆရာဝန်ကောင်းသည် ရောဂါကို ကု၏။ အမတ်ကောင်းသည် တိုင်းပြည်ကို ကု၏ စကားကောင်းသည် စိတ်ဓာတ်ကို ကု၏။
  • 22.
    22 | လွှတ်တော်အမတ်မင်းသေ့ ၅ မျိုးရှိသည်။ (က) ဆင်ခြင်မြော်မြင်သော ပညာရှိခြင်း (ခ) မချို့တဲ့သော ပညာရှိခြင်း (ဂ) အလုပ် အစီအရင်၌ လိမ္မာသော ပညာရှိခြင်း (ဃ) အခါကို သိသော ပညာရှိခြင်း (င) အခွင့်ကို သိသော ပညာရှိခြင်း ဤပညာ ၅ မျိုးနှင့် ပြည့်စုံသောသူသည် နိုင်ငံတော် အစည်းအဝေးများ၌ ပါဝင်သင့်သည်။